myaelatt athan

Sharing Information to the Local

ပြည်မှာ အိမ်ထောင်စုဇယားနဲ့ ယာယီနေထိုင်ခွင့်ကဒ်တွေပြုလုပ်ခိုင်းပြီး ငွေကြေးကောက်ခံနေ

0
0

ပဲခူး၊ မတ် ၃၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ် ရပ်ကွက်တွေမှာ အိမ်ထောင်စုဇယားအသစ်နဲ့ ယာယီနေထိုင်ခွင့် ကဒ်ပြားတွေကို မဖြစ်မနေပြုလုပ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေက လိုက်လံပြောဆိုနေပြီး ငွေးကြေးကောက်ခံမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က အိမ်လာပြီး၊ အိမ်ထောင်စုဇယားလို့ စာရွက်ပေးသွားတယ်။ အိမ်ရှိလူအကုန်ဖြည့်ပေးပါတဲ့ ဘာအတွက်လဲဆိုတာ ပြောမသွားဘူး။” လို့ အိမ်ထောင်စုဇယားစာရွက်အသစ်ရရှိခဲ့သူတဦးက ပြောပါတယ်။

အိမ်ထောင်စုဇယားမရှိသေးသူတွေကိုလည်း ယာယီနေထိုင်ခွင့်ကဒ်ပြားတွေ ပြုလုပ်ရမယ်ဆိုပြီးပြောဆိုထားသလို အိမ်ထောင်စုဇယားပြုလုပ်သူနဲ့ ယာယီနေထိုင်ခွင့်ကဒ်ပြုလုပ်သူတွေကို ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်နဲ့ ၂၀၀၀ ကျပ်အထိ ကောက်ခံတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်ထောင်စုဇယားနဲ့ပါတ်သက်တာတွေ လာဘ်ပေးလာဘ်ယူ မှုတွေရှိတယ်ဆိုတာကြားတယ်။ အိမ်ထောင်စုဇယားလုပ်ရတဲ့အကြောင်း သိရသလောက်ကတော့ စစ်ကောင်စီက သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းတွေပြုလုပ်လို့ရအောင် အိမ်ထောင်စု၊ လူဦးရေ အခြေခံမဲစာရင်းအတွက် လုပ်တယ်လို့တော့ သိရတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့ပေါ်မှာ ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး၊ ဆင်စု၊ ဆံတော်၊ ရွာဘဲနဲ့ နဝင်းရပ်ကွက်တွေမှာ အခုလိုပြုလုပ်ဖို့ အစောဆုံးပြုလုပ်ခိုင်းတာလို့ သိရပြီး၊ လက်ရှိအချိန်အထိ ကျေးလက်ဒေသတွေဘက်က အခြေအနေကိုတော့ မသိရသေးပါဘူး။

ပြည်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ ယာဉ်ထိန်းရဲနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ရွှေတချောင်းလမ်း ထွေအုပ်ရုံးရှေ့၊ ပြည်တက္ကသိုလ်ရှေ့၊ အမှတ်(၁)(၂)(၃) ရဲစခန်းရှေ့တွေမှာ Mask မတပ်သူတွေကို ဖမ်းဆီးပြီး ၁ ခုကို ၅၀၀ ကျပ်နဲ့ ဝယ်ခိုင်းတာတွေလည်း ပြုလုပ်နေပြီး၊ ဆိုင်ကယ်ကို ၃ ယောက်စီးတာ၊ နံပါတ်ပြားမပါတာတွေကို မထင်ရင် မထင်သလို ဖမ်းဆီး ဒဏ်ရိုက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။