myaelatt athan

Sharing Information to the Local

NUG ကို မြေပြင်အဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်စေချင်တယ်လို့ PDFတွေ ပြော

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၆၊ ၂၀၂၂။

ဒေသခံတော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်နက်အပါအဝင် စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ NUG ကို မြေပြင်အဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်စေချင်နေကြပါတယ်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဒေသခံတော်လှန်ရေးအင်အားစုအဖွဲ့တွေ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်ရာမှာ အဓိကကျတဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ပိုင်ဆိုင်တာတွေကို ပေါင်နှံရောင်းချကာ တိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေရှိကြတယ်လို့ ဒေသခံPDFတွေဆီက သိရပါတယ်။

အဖွဲ့ကိုဦးဆောင်သူတွေက သူတို့ပိုင်ဆိုင်တဲ့မြေကွက်နဲ့ကားတွေကိုရောင်းချပေါင်နှံပြီးတော်လှန်ရေးအတွက် အသုံးပြုကြတာတွေရှိတယ် လို့ သိရပါတယ်။

“ဘာပြောချင်လဲ ဆိုတော့ တော်လှန်ရေးခရီးက တစ်နှစ်ပြည့်တော့မယ် NUG လူကြီးတွေ ရိုးသားပြီး အလုပ်တကယ်လုပ်တာသိပါတယ် သို့ပေမဲ့ မြေပြင်နဲ့ ချိတ်ဆက်မှုအပိုင်းမှာ အားနည်းနေသေးတယ်လို့မြင်မိတယ် လက်တွေ့နဲ့မကင်းကွာအောင် အခြေအနေအမှန်ကို သိရှိနားလည်အောင် သံတမန်ဆက်ဆံရေးနားလည်တဲ့ ကိုယ်စားလှယ်တွေနဲ့ အချိန်မနှောင်းခင် ကြိုးစား ချိတ်ဆက်စေလိုပါတယ်ဗျ ပြီးတော့အဖွဲ့အတွင်းက ဦးဆောင်သူညီတွေအကိုတွေ လက်ထဲရှိတာလေးတွေ ပေါင်နှံရောင်းချပြီး တော်လှန်ရေးအတွက်သုံးပါတယ် ဥပမာ မြေကွက်တို့ ကားတို့ပေါ့”လို့ DRPA ( မုံရွာ) ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အချိတ်အဆက်နဲ့အထောက်အပံ့အားနည်းတဲ့အတွက် လုပ်နိုင်စွမ်းရှိသလောက် မလုပ်နိုင်ကြဘူးလို့လည်းဆိုပါတယ်။

“NUGအနေနဲ့ကျွန်တော်တို့ Localတွေကိုအမြန်ဆုံးချိတ်ဆက်နိုင်အောင်လုပ်ပေးစေချင်တယ် Localတွေမှာမဖြစ်နေတဲ့ အခက်အခဲတွေကိုမြင်အောင်ကြည့်စေချင်တယ် Local တွေမှာ အခက်အခဲကထောက်ပံ့မူပါဗျ နေ့စဥ်စားသောက်စရိတ် သေနတ်အစစ်မကိုင်နိုင်လို့ ဥာဏ်စွမ်းရှိသလောက်တီထွင်ထုတ်လုပ်နေရတဲ့စရိတ်တွေ ထောက်ပံ့မူအားနည်းတဲ့အခါကျတော့ လုပ်နိုင်စွမ်းရှိသလောက်မလုပ်နိုင်ကြဘူးပေါ့ NUGကကျွန်တော်တို့ကိုဘာမှထောက်ပံ့တာမျိုးမရှိသေးဘူး”လို့ People’s Guerillas Comando-Myinmuက ဗိုလ်ဘီရွန်က ပြောပါတယ်။

လွန်ခဲ့တဲ့လေးလလောက်က အမည်ဖော်မပြောတဲ့အဖွဲ့အစည်းတခုကို ချိတ်ဆက်ခဲ့ပေမယ့် အစပိုင်း အကြောင်းပြန်ခဲ့ပြီး နောက်ပိုင်းမှာ ပို့တဲ့စာတွေကို ဖတ်ရူတာမျိုးတောင်မလုပ်တော့ကြောင်း ရှော့ဒုံးတလုံးကို ကုန်ကျစရိတ် တသိန်းဝန်းကျင်ကုန်ကျကြောင်း ထောက်ပံ့မူမရပေမယ့် ကြိုးစားထုတ်ခဲ့ကြောင်း မဟာမိတ်တချို့ရဲ့ကူညီမူတော့ရှိ​ကြောင်း ရွာသူရွာသားတွေ စားနပ်ရိက္ခာထောက်ပံ့တာကြောင့် ရရှိလာတဲ့ထောက်ပံ့ငွေအနည်းငယ်ကိုထုတ်လုပ်ရေးအတွက်အသုံးပြုနေကြကြောင်း အကူအညီမရတဲ့အခါ ကိုယ်ထူကိုယ်ထငွေကုန်ကြေးကျခံပြီး လုပ်ရတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချို့ဟာ လုပ်ရည်ကိုင်ရည်နဲ့တီထွင်နိုင်စွမ်းရှိပေမယ့် ငွေကြေးမပြည့်စုံ​သလို ထိရောက်တဲ့ ကူညီမူကိုမရကြကြောင်း ဒါ့အပြင်မကွေး People Revolutionary Association ကပြန်ကြားရေးတာဝန်ခံ ကိုမိုက်တီးကလည်း သူတို့အဖွဲ့မှာ ခိုင်မာတောင့်တင်းတဲ့ရံပုံငွေမရှိသလို အဖွဲ့အတွင်း ငွေကြေးတောင့်တင်းတဲ့လူလည်း မပါဝင်ကြောင်း ပုံမှန်ထည့်ဝင်လှူဒါန်းတာလည်း သိပ်မရှိကြောင်း ပြောပါတယ်။

NUGအနေနဲ့အဖွဲ့အစည်းအဖွဲ့အချို့ကို တကြိမ်တခါထောက်ပံ့နိုင်ခဲ့ပြီး ပြည်သူများရဲ့ထောက်ပံ့တာကိုရရှိမှုဟာ အဖွဲ့တဖွဲ့ချင်းစီမှာတော့ တူညီမူမရှိကြဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။