အမျိုးသမီးများနေ့မှာ PHN – Kalay က ဆေးဝန်ထမ်းတွေကို လူ့အခွင့်အရေးနဲ့အမျိုးသမီးတန်းတူညီမျှရေး အသိပညာပေး

0 1
0 1

ကလေး၊ မတ် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ်တနေရာမှာ မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် People’s Healthcare Network (Kalay) က ဆေးဝန်ထမ်းအဖွဲ့ဝင် ၃၀ ခန့်ကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါအဖွဲ့ ထံက သိရပါတယ်။

ယမန်နေ့မနက် ၉ နာရီကျော်မှာ PHN – Kalay တာဝန်ရှိသူတွေက ကျား၊မအခြေပြု အကြမ်းဖက်မှုအကြောင်းသိကောင်းစရာတွေ၊ လူ့အခွင့်အရေးနဲ့အမျိုးသမီးတန်းတူညီမျှရေး စတဲ့အကြောင်းအရာတွေကို အသိပေးဟောပြောခဲ့တာလို့ ဆိုပါတယ်။

“အခု ဒီတော်လှန်ရေးကာလမှာဆိုရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ခွဲခြားနှိမ့်ချဆက်ဆံမှု စသဖြင့်ပေါ့လေ ပိုပြီးများလာတာမျိုးတွေ ရှိနေပါတယ်။ သက်ငယ်မုဒိမ်းအမှုတွေလည်း ရှိလာနေပါတယ်။”လို့ People’s Healthcare Net work (Kalay) မှတာဝန်ရှိသူတဦးက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ မိမိတို့ကျရာနေရာမှနေပြီး တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကိုယ်စီနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ တော်လှန်ပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးရဲမေတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း မှတ်ကျောက်တင်ဂုဏ်ပြုတယ်လို့လည်း အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ကျား၊မတန်းတူညီမျှဖြစ်လာစေရန်ရည်ရွယ်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို PHN – Kalay က ဂုဏ်ပြုကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့နေရာဒေသအသီးသီးက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမတူကွဲပြားတဲ့ အမျိုးသမီးတွေအတွက် လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေပပျောက်ကင်းစင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်လို့လည်း People’s Healthcare Net work (Kalay) ကပြောဆိုလိုက်ပါတယ်။

People’s Healthcare Network – Kalay ဟာ ၂၀၂၂ နှစ်စပိုင်းမှာ ကလေးမြို့နယ်က CDMကျန်းမာရေးဝန်ထမ်းတွေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဆေးရုံ ၁ ခုစီနဲ့ ကျန်းမာရေးစင်တာ ၆ ခုဖွင့်ကာ ဒေသခံတွေနဲ့စစ်ရှောင်တွေကို ဆေးကုသမှုပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။