PDF အဖြစ်စွပ်စွဲခံရသူရဲ့ မိဘပိုင် စားသောက်ဆိုင်နဲ့ တိုက်ကို စစ်ကောင်စီ ဖျက်ဆီးချိတ်ပိတ်

0 2
0 2

မကွေး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ Power 9 စားသောက်ဆိုင်ပိုင်ရှင်သားရဲ့ကို PDF ဆိုပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီအဖွဲ့တွေ လာရောက်ပြီး ဆိုင်အတွင်းပစ္စည်းတွေကို ဖျက်ဆီးကာ ဆိုင်ကိုချိတ်ပိတ်ပြီး ပစ္စည်းတွေကို သိမ်းယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အဲဒီအပြင် နေအိမ်တိုက်ကို တပါတည်းချိတ်ပိတ်သွားကြောင်း၊ စလင်းမြို့ ခလရ-၂၅၃ နဲ့ ၂၅၄ စစ်သားတွေနဲ့ ဆင်ဖြူကျွန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်နဲ့ လာရောက်ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကားတွေကော ရဲကားတွေကော ဆိုင်ရှေ့မှာအများကြီးဗျ၊ စစ်ကားကို ၅ စီး‌‌​ လောက်ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့သားက PDF အဖွဲ့ဝင်ဆိုပြီး ဆိုင်ကိုချိတ်ပိတ်ဖို့လာတာတဲ့။ အဲဒီကလေးကအဲလိုမဟုတ်ပါဘူး၊ မ‌​ကွေးတက္ကသိုလ်ကျောင်းသားပါ၊ အဲဒီကလေးကအိမ်မှာ မရှိတာကြာပါပြီ၊ အရင်ကလည်း တခါလာပြီးစစ်သေးတယ်။ အဲဒီတုန်းကလည်း ဆိုင်ပိုင်ရှင်ကို သေနတ်ဒင်နဲ့ခေါင်းကိုရိုက်လို့ ၃ ချက်ချုပ်လိုက်ရတယ်။ ဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးကိုလည်း ပါးတွေရိုက်သွားကြတယ်၊ ခုဟာက စိုးလွန်းတယ်ဗျ” လို့ မြို့ခံတဦးက ပြောပါတယ်။

ဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်းများကို ရစရာမရှိအောင် ဖျက်ဆီးသွားမှုကြောင့် တန်ဖိုးများစွာဆုံးရှုံးကြောင်း စွပ်စွဲခံရသူလူငယ်ကို မိဘများက အမွေပြတ်စွန့်လွတ်ကြောင်း ကြေညာထားခံရပြီး မိဘများကိုယ်တိုင်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။