myaelatt athan

Sharing Information to the Local

ဒေသခံတွေကိုမီးရှို့သတ်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းက မြေတော်ရွာကို မီးထပ်ရှို့နေ

0 3
0 3

ရေစကြို၊ မတ် ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ဒေသခံတွေကိုသတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက မြေတော်ရွာကို ၂ ရက်ဆက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

အင်အား ၁၅၀ ဝန်းကျင်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၄ ရက်မနေ့ကမနက် ၆ နာရီလောက်မှာ ရွာထဲဝင်ရောက်လာပြီးနောက် မနက် ၆ နာရီခွဲလောက်ကစတင်မီးရှိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်ရွာမှာ ညအိပ်တပ်စွဲခဲ့ကာ မတ် ၁၅ ရက်ဒီမနက်ပိုင်းကနေ နေ့လယ် ၃ နာရီကျော်အထိ ရွာထဲက နေအိမ်တွေကို မီးထပ်ရှို့နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာကိုမီးတန်းရှို့တာပဲ၊ နာရီဝက်လောက်အကြာမှာ မီးတန်းရှို့တာ၊ မနေ့ကတနေကုန်မီးရှို့တယ်၊ ဒီနေ့မနက် ၉ နာရီလောက်ကစပြီးပြန်ရှို့တာ၊ ရေစကြိုမြို့နယ်မှာ ဒီစစ်ကြောင်းအဆိုးဆုံးပြောပါတော့၊” လို့ ဒေသခံတဦးက ပြောပါတယ်။

မြေတော်ကျေးရွာမှာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိအချိန်ထိရွာထဲမှာ စစ်ကောင်စီတပ်တွေရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

စစ်ကြောင်းထိုးနေတဲ့အတွက် မြေတော်ရွာအပါအဝင် သပြေပင်၊ ဆည်သစ်မြင်၊ မြေဇပ်ကုန်း၊ ကိုင်း၊ ကျွဲကုန်း၊ ချောက်မှုးကျွန်း၊ ဘိုကုန်း၊ ကံဦး၊ မဲကုန်း၊ တောင်ကုန်း၊ မိဖုရား၊ မီးလောင်းကျွန်း၊ ဖြုံဘူး၊ မိုးကွဲ၊ မိုးဖြူ၊ ငတရော် စတဲ့ကျေးရွာတွေက ဒေသခံ ၂ သောင်းခွဲကျော်လည်း ရွာကထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ က စစ်ကောင်စီတပ်သားတွေပါဝင်တဲ့ ပြီးခဲ့တဲ့ မတ် ၇ ရက်ကနေ ၁၂ ရက်အထိ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာမှာ တပ်စွဲနေထိုင်ခဲ့ပြီး အသက် ၉၀ အရွယ်အမျိုးသား ၁ ဦးအပါ ဒေသခံ ၆ ဦးကိုသတ်ဖြတ်ခဲ့ကာ ရွာကထွက်ချိန်မှာလည်း နေအိမ်တွေကိုမီးရှို့ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။