ဝက်လက်မှာ လေကြောင်းကဗုံးကြဲလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

ဝက်လက်၊ မေ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေဗုံးကြဲလို့ ပြည်သူ ၂ ဦးဒဏ်ရာရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မေ ၁၁ ရက် ဒီမနက် ၇ နာရီကျော်ခန့်မှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရွာအရှေ့ပိုင်း စာသင်ကျောင်းနား ၁ လုံးကျတယ်။ နောက် ၁ လုံးက ပေ ၁၅၀ ခန့်အကွာ ထပ်ကျတယ်။ စာသင်ကျောင်း မျက်နှာချင်းဆိုင်အိမ်က မိန်းကလး ၁ ယောက်က ခေါင်းထိတယ်။ စာသင်ကျောင်းအနီး ဓာတ်ဆီဆိုင်နားမှာ ဆီထည့်နေတဲ့ ၁ ယောက်ထိတယ်”လို့ ရွာခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်လို့ အသက် ၁၈ နှစ်ကျော်အရွယ် အမျိုးသမီးရဲ့ ဦးခေါင်းနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတို့ဒဏ်ရာရခဲ့ကာ စာသင်ကျောင်းနဲ့နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ နိုဝင်ဘာ ၂၁ ရက်မှာ ရွှေပန်းကုံးကျေးရွာရှိရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနဲ့စစ်ကောင်စီအဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ရဲစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၁,၀၀၀ ကျော် လူဦးရေ ၅,၀၀၀ ခန့်ရှိတဲ့ရွှေပန်းကုန်းကျေးရွာဟာ ယခုလို ဗုံးကြဲခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအများစုလည်း ဘေးလွတ်ရာကို တိမ်းရှောင်ကြနေကြတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မေ ၁၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်ကလည်း ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာခံ ၈ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။