myaelatt athan

Sharing Information to the Local

ဆီမီးဖိုင်နယ်နှစ်ကျော့လုံးရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ မေ ၈၊ ၂၀၂၅။

ယနေ့ မေ ၈ ရက် မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ အာဆင်နယ်အသင်း ထပ်မံရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ​။

ဧပြီ ၃၀ ရက်က အာဆင်နယ်အိမ်ကွင်းမှာယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ပထမအကျော့မှာလည်း အာဆင်နယ်အသင်းက ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ယနေ့ ပီအက်စ်ဂျီအိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒုတိယအကျော့မှာလည်း ၂-၁ ရလဒ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ ပီအက်စ်ဂျီတို့ အနိုင်ရရှိခဲ့ကာ အာဆင်နယ်ကို ပြိုင်ပွဲကနေထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပြီဖြစ်တဲ့အတွက် ဖလားလက်မဲ့ရာသီတခုကို ထပ်မံဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ဘာစီလိုနာကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ရတော့မှာပါ။

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ယခုတခါ ဗိုလ်လုပွဲအဆင့်ကိုထပ်မံတက်လှမ်းနိုင်ခဲ့သလို အင်တာမီလန်အသင်းအနေနဲ့လည်း ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းကိုရှုံးနိမ့်ခဲ့ရာမှ ဒီရာသီ ဗိုလ်လုပွဲအဆင့်ကို ထပ်မံရောက်ရှိနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲစဉ်ကိုတော့ ဇွန်လ ၁ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲအချိန် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ ဘိုင်ယန်မြူးနစ်အသင်းအိမ်ကွင်း အလိုင်းယန့်အရီနာမှာ ကျင်းပသွားမှာလို့ သိရပါတယ်။

Photo – UEFA Champion League.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။