myaelatt athan

Sharing Information to the Local

တောင်သာမှာ ရဲတပ်သားတဦး လက်နက်နဲ့ဘက်ပြောင်းခိုလှုံ

တောင်သာ၊ ဧပြီ ၂၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ရဲတပ်သားဟာ ရန်ကုန်တိုင်း၊ မှော်ဘီအခြေစိုက် ရဲတပ်ရင်း ၅ ကနေ တောင်သာမြို့က အထက စာသင်ကျောင်းကိုပြောင်းရွှေ့ပြီး လုံခြုံရေးစောင့်နေတဲ့အချိန် ဧပြီ ၂၆ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး ခိုလှုံလာတာလို့ ဆိုပါတယ်။

“သူက သင်္ကြန်အပြီး နှစ်ဆန်း ၃ ရက်မှာ တောင်သာမြို့မှာ တာဝန်ကျတာ၊ ဧပြီ ၂၂ ရက်မှာ ကျနော်တို့ကို ဆက်သွယ်လာတယ်၊ ဧပြီ ၂၆ ရက်မှာ ကျနော်တို့ MBT တပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာတာပါ၊ ကျနော်တို့ တောင်သာမြို့ပေါ်အထိ ဘေးအန္တရယ်ကင်းကင်းနဲ့ ခေါ်ဆောင်လာခဲ့နိုင်ပါတယ်။”လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်တပ်ရဲ့လူမဆန်တဲ့ အကျင့်ပျက်ခြစားမှု၊ နှိပ်စက်ဖိနှိပ်တာတွေ၊ ပြည်သူအပေါ်ကျင့်သုံးနေတဲ့ စစ်တပ်ရဲ့ဆက်ဆံရေးတွေကို သဘောမကျတာကြောင့်ခုလို ဘက်ပြောင်းလာခဲ့တာလို့ ရဲတပ်သားပြောပြချက်ကို ကိုးကားပြီး ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြန်ပြောပါတယ်။

အဆိုပါရဲတပ်သားနဲ့အတူ အူဇီသေနက် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၂ တောင့်၊ 9 မမ ကျည် ၂၀၀ အတူပါလာတဲ့အတွက် ကျပ် ၂၅ သိန်း ဆုချီးမြှင့်ပေးထားပြီး သူနေထိုင်ချင်တဲ့နေရာကို သူ့မိသားစုနဲ့ အတူလုံခြုံစွာပို့လိုက်ပြီလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဧပြီ ၂၈ ရက်အထိ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီကို ဘက်ပြောင်းခိုလှုံလာသူ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၈ ဦးရှိပြီလို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။