myaelatt athan

Sharing Information to the Local

၅ လကြာ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ MBT တပ်ဖွဲ့ဝင် ၇ ဦး၊ 96 soldiers PDF တပ်ခွဲမှူး ၁ ဦး ကျဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ (ရုပ်/သံ)

ဖလမ်း၊ ဧပြီ ၁၀၊ ၂၀၂၅။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger – MBT က တပ်ဖွဲ့ဝင် ၇ ဦး၊ 96 soldiers PDF တပ်ဖွဲ့က တပ်ခွဲမှူး ၁ ဦး ကျဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ စတင်တိုက်ခိုက်ခဲ့တဲ့ အဆိုပါမြို့သိမ်းတိုက်ပွဲဟာ ၅ လကြာမြင့်ခဲ့ပြီးနောက် ဧပြီ ၉ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ MBT တပ်ဖွဲ့က မြင်းခြံကို ကိုယ်စားပြုတာမဟုတ်ဘူး၊ ရေစကြိုကိုလည်း ကိုယ်စားပြုတာမဟုတ်ဘူး၊ တနိုင်ငံလုံးကို ကိုယ်စားပြုတာပါ၊ စစ်အုပ်စုရှိတဲ့နယ်မြေဟာ MBT တပ်ဖွဲ့က တိုက်ထုတ်ရမဲ့နယ်မြေဖြစ်ပါတယ်၊ စစ်အုပ်စုရှိတဲ့ နယ်မြေတိုင်းကို တိုက်ခိုက်မှာဖြစ်ပါတယ်။” လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း MBT လက်အောက် ကျားမဲ Commando စစ်ကြောင်း ၂ ကြောင်းကို တပ်ကူအင်အားပို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ ၅ လတာအတွင်း တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး ၃၀ ဦး ဒဏ်ရာရခဲ့ကာ တပ်ဖွဲ့ဝင်တွေကျဆုံး၊ ထိခိုက်ခဲ့မှု အသေးစိတ်အခြေအနေတွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အလားတူ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ 96 soldiers PDF တပ်ဖွဲ့က တပ်ခွဲမှူး ရဲဘော် ၁၀ (ခေါ်) ဝေဖြိုးအောင်ဟာ မတ် ၁၁ ရက် တိုက်ပွဲမှာ ကျဆုံးခဲ့ရပြီး တိုက်ပွဲတွေအတွင်း ရဲဘော် ၁၀ ကျဆုံးမှုအပြင် နောက်ထပ်ရဲဘော် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့သိမ်းတိုက်ပွဲကို MBT နဲ့ တဲ့ 96 Soldiers PDF အပြင် အညာဒေသတပ်ဖွဲ့ ၁၅ ဖွဲ့ထက် မနည်းက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။