ဝန်းသိုလေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါ လူ ၃၀ ထက်မနည်းသေဆုံး

0 39
0 39

ဝန်းသို၊ ဧပြီ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၉ ရက် နေ့လယ် ၂ နာရီကျော်ကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၂,၀၀၀ ကျော်ရှိတဲ့ နမ်းခမ်းကျေးရွာရဲ့စာသင်ကျောင်း၊ ဆေးရုံ၊ ကျွန်းခင်းစတဲ့ နေရာအနီးတဝိုက်တွေကို တိုက်ပွဲမဖြစ်ဘဲ တိုက်ခိုက်ရေးလေယာဉ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၁၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးတဲ့သူအရေအတွက်က သတင်းတွေမှာတော့ ၃၀ ကျော်လို့ပြောထားပေမယ့် တကယ်တမ်းကျတော့ သေဆုံးသူက ၅၀ ကျော် ၁၀၀ နီးပါရှိတယ်။ အခုထက်ထိ အလောင်းမကောက်ရသေးတာတွေလည်း ရှိတယ်။ တချို့ဆို မိသားစုလိုက်တွေရော အများကြီးရှိပါတယ်။”လို့ ဝန်သိုမြို့နယ်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တဲ့အချိန်မှာ နမ်းခမ်းကျေးရွာဒေသခံတွေဟာ ကျေးရွာရှိ အောင်ဇာနည်ကုန်းတံတားဖွင့်ပွဲကို အများစုရောက်ရှိနေကြတာကြောင့် သေဆုံး၊ ဒဏ်ရာသူများပြားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ၆ နာရီကျော်မှာလည်း နမ်းခမ်းကျေးရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာတော့ အထိအခိုက်မရှိခဲ့ဘူးလို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Kawlin info တာ၀န်ရှိသူကလည်း နမ်းခမ်းရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူများပြီး လက်ရှိဒေသခံတွေလည်း လေကြောင်းရန်ကနေ တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အလောင်းတွေကိုရှာဖွေနေကြဆဲဖြစ်ပြီး သေဆုံးသူက ရာဂဏန်းနီးပါး လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။