myaelatt athan

Sharing Information to the Local

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ MC-KCDF တပ်ဖွဲ့ဝင်တဦးကျဆုံး

အင်းတော်၊ ဧပြီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း MC-KCDF က တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် တပ်ဖွဲ့ဝင်မင်းထက်အောင် (ခ) ပြုံးချိုဟာ ဧပြီ ၁ ရက် အင်းတော်မြို့သိမ်းတိုက်ပွဲဆင်နွှဲချိန်မှာကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“အင်းတော်မြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲတိုက်ရင်းနဲ့ ကျဆုံးသွားတာပါ၊ ရဲဘော်ရဲ့ ဈာပနအခမ်းအနားကိုတော့ ကျဆုံးပြီး နောက် ၃ ရက်မှာ လုပ်ဆောင်ခဲ့တာ၊ ရဲဘော်ရဲ့ အလောင်းကတော့ ရှေ့တန်းမှာပဲ သင်္ဂြိုဟ်လိုက်ရတာ၊ ရဲဘော်မှာ မိသားစုတွေ ကျန်ခဲ့ပါတယ်၊” လို့ MC-KC DF တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုမင်းထက်အောင် (ခ) ပြုံးချိုဟာ ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း MC-KCDF တည်ထောင်ကတည်းက တပ်ဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သူဖြစ်ပြီး ‌တော်လှန်ရေးထဲမဝင်ခင်က တောင်သူတဦးဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်ကစပြီး အင်းတော်မြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လိုဏ်ဂူ စခန်းကုန်းကို KIA၊ ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ဧပြီ ၇ ရက်ည ၈ နာရီကျော်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ မြေပြင်ရှိဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

အင်းတော် #မြို့သိမ်း #တပ်ဖွဲ့ဝင် #ကျဆုံး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post