myaelatt athan

Sharing Information to the Local

ငါ့သရောက်မြို့က ကြံခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ပစ်သတ်ခံရ

ညောင်ဦး၊ ဧပြီ ၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ် (၃) ရပ်ကွက်နေ ကြံခိုင်ရေးပါတီ ရပ်ကျေး ဥက္ကဌတဦး ပစ်သတ်ခံရတယ်လို့ 21 Bagan People Defense Force တပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ အသက် ၅၇ နှစ်အရွယ် ဦးစိုးအောင်ဆိုသူဖြစ်ပြီး ဧပြီ ၆ ရက် မနက် ၁၀ နာရီကျော်ခန့်က သူ့နေအိမ်မှာ ပစ်သတ်ခံရတာလို့ဆိုပါတယ်။

“သူနေအိမ်မှာဘဲရှင်းခံရတာ။ သူနေအိမ်နဲ့အကြော်ဆိုင်တွဲလျက်လေးရှိတယ်။ အဲ့ထဲမှာပစ်ခံရတာ။ သေတယ်။ ခေါင်းကိုပဲ မနည်းကြီးပစ်ခံရတာလို့ သိထားရတယ်။”လို့ 21 Bagan People Defense Force အဖွဲ့ဝင် ရဲဘော်ယက္ခကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးစိုးအောင်မှာ ဦးခေါင်းနဲ့လည်ပင်းတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဦးစိုးအောင်က ကြံခိုင်ရေးပါတီက ရပ်ကျေးဥက္ကဌတဦးဖြစ်သလို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှာလည်း ရာအိမ်မှူးတာဝန်ထမ်းဆောင်ပြီး စစ်မှုထမ်းအတွက် ငွေကောက်ခံတာ၊ PDF သတင်းတွေကို လိုက်လံစုံစမ်းတာတွေပြုလုပ်နေသူဖြစ်တယ်လို့ 21 Bagan People Defense Force အဖွဲ့ဆီက သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၆ ရက်ညနေပိုင်းကလည်း ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျွန်းကျေးရွာက နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူးသေဆုံးပြီး သားဖြစ်သူဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။