တကောင်းမြို့ကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကော်မရှင်ထုတ်ပြန်လာ

0 12
0 12

တကောင်း၊ မတ် ၁၂၊ ၂၀‌၂၆။

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေထိန်းချုပ်နိုင်ခဲ့တဲ့ တကောင်းမြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ကော်မရှင်က မတ်လ ၁၂ ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

မတ်လ ၁၀ ရက်ကတည်းက စစ်ကော်မရှင်တပ်က ဒရုန်းနဲ့လက်နက်ကြီးတွေသုံးကာ မြို့ကိုရယူသွားတာလို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဒီကနေ့မှ တကောင်းမြို့ကိုအလုံးစုံထိန်းနိုင်တယ်လို့ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “မြို့ကိုလက်လွှတ်လိုက်ရတာဟုတ်ပါတယ်။ စကမက ဒရုန်းတွေ ဆက်တိုက်ကြဲပြီး အခုမြို့ထဲ နေရာတချို့ယူထားတယ်။”လို့ အတည်ပြုပြောပါတယ်။

ဒါ့အပြင် ဒီမနက် ၁၁ နာရီလောက်မှာလည်း စစ်ရဟက်ယဉ်နဲ့ ရိက္ခာ၊ ခဲယမ်းတွေ တကောင်းမြို့ပေါ်ကို ပို့ခဲ့တယ်လို့ နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

တကောင်းမြို့ဟာ မန္တလေးတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေ နောက်ဆုံးထိန်းချုပ်ထားနိုင်တဲ့ မြို့ဖြစ်တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ်မြို့တွေကို တော်လှန်ရေးတပ်တွေစိုးမိုးနိုင်ခဲ့ပြီး တကောင်းမြို့ကို ၂၀၂၄ ဩဂုတ်လမှာ တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့တာပါ။

အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) က အင်အားရာချီပါ စစ်ကော်မရှင်စစ်ကြောင်းဟာ အခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကစတင်ပြီး မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ တကောင်းမြို့ကို ထိုးစစ်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း – MG

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။