မြင်းခြံမြို့နယ်ထဲကရွာတွေမှာ မီးပတ်ရှို့နေတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် နေအိမ်တွေကိုထပ်မံမီးရှို့

0 0
0 0

မြင်းခြံ၊ မတ် ၁၁၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းကျေးရွာတွေက နေအိမ်တွေကို မီးရှို့တာတွေဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အဲ့ဒီနောက် နောက်ထပ်ရွာတွေကို ထပ်မံမီးလိုက်ရှို့နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ယခင် PDF တွေ ထိန်းချုပ်ထားနိုင်တဲ့ နဘူးအိုင်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် အနီးဝန်းကျင်ရွာတွေကို ဆက်လက်စစ်ကြောင်းထိုးလာတဲ့ အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား မတ်လ ၁၀ ရက် ယမန်နေ့က မြောက်ကျွန်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ပုံစာ – စစ်ကော်မရှင်တပ် မီးရှို့ခဲ့သည့် တောင်ကျွန်းရွာ။

” ရွာတွေကို မီးလိုက်ရှို့ နေတာဗျ။ ဝင်တဲ့ရွာတိုင်းကို ပစ္စည်းတွေသယ်ပြီး မီးပတ်ရှို့နေတာ။ စစ်ကြောင်းဝင်သမျှ မရှို့တဲ့ရွာမရှိဘူး” လို့ မြင်းခြံဒေသတော် လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေတွေကို သက်ဆိုင်ရာတပ်ရင်းတွေက ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် မြောက်ကျွန်းရွာနဲ့ တောင်ကျွန်းရွာနေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ခဲ့ပြီး ဒီကနေ့ မတ်လ ၁၁ ရက်မနက်ပိုင်းမှာလည်း ကမ်းပါးနီရွာကို ဆက်လက်ပြီး မီးရှို့နေတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကော်မရှင်တပ် မီးရှို့ခဲ့သည့် တောင်ကျွန်းရွာ။

စစ်ကြောင်းစတင်ဝင်ရောက်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကနေ ဒီနေ့အထိ မြင်းခြံမြို့နယ်မှာ သင်္ဘောကျင်း၊ ပတ္တရာ၊ ပြည်တော်သာ၊ ဒါးကျွန်း၊ တန်ဆောင်း၊ နတ်ညွှန်း၊ သက်ကယ်ကျင်း၊‌‌‌ တောင်ကျွန်း၊ မြောက်ကျွန်းရွာတွေ မီးရှို့ခံထားရတယ်လို့ သိရပါတယ်။

ဒီကျေးရွာတွေဟာ မြင်းခြံမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေဖြစ်ပြီး မြင်းခြံမြို့နယ်၊အရှေ့မြောက်ခြမ်း၊မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းနံဘေးကျေးရွာတွေမှာလည်း စစ်တပ်က နေအိမ်ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

သတင်း – MG

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။