ညောင်လေးပင်၊ မတ် ၉၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းကျေးရွာတွေကနေ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၄၀ ကျော်ကို စစ်ကော်မရှင်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ မတ်လ ၉ ရက်ဒီကနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တပ်မ ၇၇ ဦးဆောင်တဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း ၄ ကြောင်းက မတ်လ ၅ ရက်မနက် ၅ နာရီဝန်းကျင်မှာ ရေတွင်းကန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာ တွေကိုဝင်ရောက်ကာ ဒေသခံ ၃၀၀ ကျော်ကို ဖမ်းဆီးပြီး အဲ့ဒီထဲက ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အသတ်ခံရသူတွေထဲမှာ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။