စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။

မြန်မာစာပေလောကမှာ စာပေပညာရှင်အဖြစ် ထင်ရှားကျော်ကြားသူဖြစ်သလို အငြိမ်းစား မြန်မာစာပါမောက္ခဖြစ်တဲ့ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ဟာ ဇန်နဝါရီလ ၂၇ ရက် ည ၁၂ နာရီခွဲမှာ ရုတ်တရက်ကွယ်လွန်ခဲ့တယ်လို့ သမီးဖြစ်သူမသူသူနွယ်အေးက လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အသိပေးခဲ့ပါတယ်။

ဆရာကြီးရဲ့အမည်ရင်းမှာ ဦးခင်အေးဖြစ်ပြီး ဆရာကြီးကို ၁၉၄၂၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့၊ ကျုံတစ်နီးရွာမှာ ဦးရာမနဲ့ ဒေါ်စောတင်တို့ကနေ မွေးဖွားခဲ့ပါတယ်။

ဆရာကြီးဟာ ငယ်စဉ်ကတည်းကမြန်မာစာထူးချွန်သူဖြစ်ပြီး ၁၉၅၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာဂုဏ်ထူးတို့နဲ့ အောင်မြင်ခဲ့ပြီး တနိုင်ငံလုံးမှာမြန်မာစာအမှတ်အများဆုံးရရှိခဲ့ပါတယ်။

ပုသိမ်ကောလိပ်မြန်မာစာဌာနနည်းပြအဖြစ် ၁၉၆၃ ခုနှစ်မှာစတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဲ့ဒီကမှတဆင့် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့မှာ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခရာထူးအဆင့်များနဲ့တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၇ ကနေ ၁၉၉၉ ထိ ဂျပန်နိုင်ငံ၊ အိုဆာကာ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာလည်း မြန်မာစာဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆရာကြီးဟာ မြန်မာစာပေကိုတန်ဖိုးထားသူတဦးဖြစ်ပြီး ကဗျာ၊ စကားပြေသဘောတရားဆိုင်ရာ စာအုပ်များကိုရေးသားထုတ်ဝေခဲ့ကာ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ၊ နှစ်ဆယ်ရာစု စကားပြေဆရာများ၊ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း၊ မြန်မာဘာသာစကားပညာရှင်များနှင့် ဘာသာစကားအမြင်၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာစတဲ့ စာအုပ်တွေဟာ မြန်မာစာပေလေ့လာသူတွေအတွက် အထောက်အပံ့ပြု ထင်ရှားတဲ့စာအုပ်တွေဖြစ်ပြီး ဆရာကြီးဟာ စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆု စတဲ့ စာပေဆိုင်ရာ ဆုများကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။