ဆားလင်းကြီးက စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော် စားဝတ်နေရေးအတွက် အခက်ကြုံနေ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ရှောင်နေရတဲ့ပြည်သူ ၃,၀၀၀ ကျော် အတွက်စားနပ်ရိက္ခာအခက်အခဲဖြစ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

ဇွန်လ ၉ ရက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ညောင်ပင်ကြီးရဲစခန်းကို ဝင်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးကျေးရွာနဲ့ ရဲစခန်းမှာ ပြန်လည်တပ်စွဲထားပြီး အနီးနားက ကျေးရွာတွေကို မီးရှိုဖျက်ဆီးတာ၊ ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေလုပ်နေလို့ ဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ ဘေးကင်းရာကို စစ်ရှောင်နေရတာဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေထဲကမှ စစ်ရှောင် ၂,၀၀၀ ခန့်ဟာ နီးစပ်ရာ ဆွေမျိုးတွေဆီ ခိုလှုံနိုင်ကြပေမယ့် ကျန်ရှိတဲ့ စစ်ရှောင်တွေဟာ နေထိုင်စရာနဲ့ စားသောက်ဖို့အတွက် အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။

“စစ်ရှောင်နေရတာ ၉ ရက်ရှိပြီ။ ယာယီစခန်းလေး၊ ငါးခုရှိပါတယ်။ တချို့တွေက လယ်ကွင်းထဲမှာ အမိုးအကာမလုံဘဲနေကျရတယ်။ စစ်ရှောင်တာရက်ကြာလာတော့ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကျတယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေက ပြောပါတယ်။

စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော်မှာ ညောင်ပင်ကြီး၊ သိမ်တော်၊ ထန်းတော၊ နှင်းတော၊ အိုမ၊ ရွာရှည်၊ မင်္ဂလာကုန်းရွာတွေကဖြစ်ပြီး ရွာကို မပြန်ရသေးဘဲ စစ်ရှောင်စခန်းနဲ့ လယ်တောထဲမှာ ဖြစ်သလိုနေ ထိုင်စားသောက်နေကြရတယ်လို့ သူမက ဆက်ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့လည်း ဆားလင်းကြီးက စစ်ရှောင်ပြည်သူတွေကို လေးရက်ဆက်တိုက် ထမင်းဟင်းကျွေးမွေးတာ၊ ကလေးသူငယ်တွေကို မုန့်ပဲသရေစာတွေ ဝေငှကျွေးမွေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၉ ရက် ညနေပိုင်းက ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး လက်နက်၊ခဲယမ်းတွေလည်းသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

စာတည်း-လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။