နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို နေပြည်တော်သို့ အရေးပေါ်ခေါ်၊ ဖမ်းဆီးထိန်းသိမ်းခံထားရ လို့ သတင်းထွက်

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် နေပြည်တော်ကို အရေးပေါ်ဆင့်ခေါ်ခံရလို့ ဇွန်လ ၁၂ ရက် မနေ့နေ့လယ် ၃ နာရီဝန်းကျင်က ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။

“ နမခ ကနေ မနေ့က နေ့လယ်ပိုင်းက Mi 17 နဲ့အားချင်း ထွက်သွားတာ။ ပြန်မရောက်သေးတာတော့ သေချာတယ်” လို့ နမခစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က မြေလတ်အသံကိုပြောပါတယ်။

နေပြည်တော်ကို ခေါ်ဆောင်ခံရတဲ့ နမခ စစ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို လက်ရှိမှာ စစ်ခေါင်းဆောင်တွေက နေပြည်တော်မှာဘဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

“ နေပြည်တော်မှာ ဖမ်းထားတာလို့ သတင်းထွက်နေတယ်။ သူ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး အရက်ဝိုင်းမှာ ပြောတာတွေက နေပြည်တော်က စစ်ခေါင်းဆောင်တွေကို စော်ကားသလိုဖြစ်သွားလို့ အဖမ်းခံရတာလို့တော့ သိရတယ် ” လို့ အမည်မဖော်လိုတဲ့ အခြားစစ်ဘက်သတင်းရင်းမြစ်တဦးက ဆိုပါတယ်။

ဗိုလ်ချုပ် သန်းထိုက် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနအနေနဲ့ အသေးစိတ်သိရဖို့ ဆက်လက်စုံစမ်းနေပါတယ်။

ဗိုလ်ချုပ် သန်းထိုက်ဟာ စစ်တက္ကသိုလ် DSA အမှတ်စဉ် ၃၈ ဆင်း စစ်ဗိုလ်ချုပ်တဦးဖြစ်ပြီး စစ်အာဏာ သိမ်းပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းကို ကိုင်တွယ်ရတဲ့ ဒုတိယမြောက် စစ်တိုင်းမှူးဖြစ်ပါတယ်။

ဗိုလ်ချုပ် သန်းထိုက်ဟာ နမခ စစ်တိုင်းမှူး တာဝန်မယူခင်က ကလေးဝမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ၁၀) စကခမှူး ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ယခင် နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် ကို စစ်ခေါင်းဆောင်တွေက ဖယ်ရှားကာ သူ့ကိုအစားထိုးခန့်အပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလထဲကလည်း ယခင် အရှေ့တောင်တိုင်းစစ်ဌာချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး ကို နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခဲ့သလို သူ့ရဲ့ဇာတိရွာ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာက ဆွေမျိုးသားချင်းတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။