စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၂ ဦးသေဆုံး၊ ဘုန်းကြီး ၁ ပါးပျံလွန်ပြီး နေအိမ် ၇ လုံးမီးလောင်

0 1
0 1

ပဲခူး၊ ဇွန် ၁၁၊ ၂၀၂၃။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုကျေးရွာနဲ့ တောကြောင်ပေါက်ကျေးရွာတွေမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးကာ နေအိမ်တွေလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီရဲ့ နတ်သံကွင်းအထွက်ဂိတ်၊ ခလရ ၆၀ တပ်၊ ခမရ ၅၉၉ တပ်တို့က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတာဖြစ်ပြီး ဒီကနေ့ ဇွန်လ ၁၁ ရက်မနက်ပိုင်းအထိ ပစ်ခတ်နေတာလို့ KNLA အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“စကစ လက်နက်ကြီးပစ်လို့ ရွာတွေဘက်ကိုကျပြီး ဒေသခံတွေ သေတာ။ နေအိမ်တွေမီးလောင်တာရှိတယ်။ သူတို့နေရာတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးများလို့ ရွာတွေဘက်ကို မဲပြီးပစ်တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ တောကြောင်ပေါက်ကျေးရွာက သက်တော် ၆၀ အရွယ် သံဃာတပါး ပျံလွန်တော်မူခဲ့သလို ဝါးပင်စုရွာက အသက် ၁၀ နှစ်ခန့်နဲ့ ၆ နှစ်ခန့် အရွယ် မိန်းကလေး ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဝါးပင်စုနဲ့ တောကြောင်ပေါက်ကျေးရွာက နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက် မနက်အစောပိုင်းက ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရဲစခန်းအပါအဝင် စစ်ကောင်စီ တပ်စွဲထားတဲ့နေရာ ၅ ခုကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နဲ့ ရဲ ၄၀ ဦး သေဆုံးခဲ့ပြီးတဲ့နောက် မုန်းအခြေစိုက်စစ်တပ်နဲ့ ဂိတ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။