မြေလတ်ပြောက်ကျားအဖွဲ့က ရိက္ခာအတွက် ကိုယ်ထူကိုယ်ထစိုက်ခင်းတွေ စိုက်ပျိုး

0 2
0 2

မကွေး၊ ဇွန် ၈၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အခြေစိုက်တဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG)ဟာ စခန်းမှာ ချက်ပြုတ်စားသောက်ဖို့ သီးနှံမျိုးစုံကို စိုက်ပျိုးနေတယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

MRG စခန်းမှာ ချဥ်ပေါင်၊ ကန်စွန်း၊ ပန်းမုန်လာ ၊ ကိုက်လန် အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဧကတဝက်လောက် စိုက်ပျိုးထားပြီး စိုက်ပျိုး မျိုးစေ့တွေကို ဒေသခံတောင်သူတွေက ပေးလှူခဲ့တာဖြစ်ပါတယ်။

စိုက်ခင်းထဲမှာ ရရှိလာမယ့် အသီးအရွက်တွေကိုလည်း စခန်းမှာ ချက်ပြုတ်စားသောက်ဖို့နဲ့ မဟာမိတ်အဖွဲ့ တချို့ကိုလည်း ပြန်လည်မျှဝေဖို့ စိုက်ပျိုးရခြင်းဖြစ်တယ်လို့လည်း MRG တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အခုလိုစိုက်ပျိုးထားတာက ၂ လလောက်ရှိပါပြီ၊ အခုလို စိုက်ပျိုးရတာကလည်း ဝမ်းရေးအတွက် တဖက်တလမ်းက အဆင်ပြေအောင်လို့ပါ။ ကန်စွန်းတို့အပြင် အခြားအပင်တွေလည်း စိုက်ပျိုးထားတယ်။ ရေတိုက်စားလိုက်တော့ အကုန်ပျက်စီးကုန်တယ်။ ကျန်ခဲ့တဲ့ အခင်းလေးတွေက ရေလွတ်ရာမှာရှိနေလို့သာ ကျန်ခဲ့တာ။ မဟုတ်ရင် စိုက်ခင်းတွေ အကုန်ပျက်စီးကုန်မှာ” လို့ သူက ရှင်းပြပါတယ်။

MRG တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုလို သီးနှံစိုက်ပျိုးတာဟာ အရင်စခန်းဟောင်းမှာ တကြိမ်၊ အခုစခန်းမှာ တကြိမ် စုစုပေါင်း ၂ အကြိမ်အထိရှိပြီလို့လည်းဆိုပါတယ်။

“အခုလို စိုက်တာကလည်း ကျနော်တို့က တခါတလေ ငါးပိရည်တွေနဲ့ ထမင်းစားတဲ့အခါ အတို့တွေ အလွယ်တကူ စားလို့ရအောင် စိုက်ပျိုးထားတာပါ။ စျေးတွေဆိုရင်လည်း အမြဲသွားဝယ်ဖို့ကမလွယ်ဘူးလေ”လို့ MRG တပ်ဖွဲ့ဝင် တဦးက ဆိုပါတယ်။

တိုက်ပွဲမရှိတဲ့ရက်တွေမှာ စခန်းထဲက ရဲဘော်တွေနဲ့အတူ ကျေးရွာပကဖတွေနဲ့ပူးပေါင်းပြီး ရာသီဥတုကြောင့် ပျက်စီးခဲ့တဲ့လမ်းတွေကို ပြုပြင်ပေးတာတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပြီခဲ့တဲ့ရက်ပိုင်း လောက်ကလည်း MRG တပ်ဖွဲ့ဟာ အလွယ်တကူဆေးကုသလို့မရနိုင်တဲ့ရွာတွေကို အခမဲ့ mobile ဆေးကုသပေးခြင်းမျိုးကိုလည်း ပြုလုပ်ပေးခဲ့ပါသေးတယ်။

စာတည်း − လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။