အရာတော်က စစ်ကောင်စီ လေ့ကျင့်ရေးတပ်ကို PDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်

0 1
0 1

စစ်ကိုင်း၊ ဇွန် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်ကောင်စီရဲ့ လေ့ကျင့်ရေးတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၆ ရက် မနေ့ကနေ့လယ် ၂ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီလေ့ကျင့်ရေးတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက (၁၀၇) မမ လက်နက်ကြီးတလုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက် သေဆုံးတာတွေ ရှိနိုင်တယ်လို့လည်း Danger Force LPDF တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ပစ်ခတ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ၆၀ မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“အဲဒီတပ်စခန်းက အရာတော်မြို့ရဲ့ အရှေ့ဘက်မှာရှိတာပါ။ အာဏာမသိမ်းခင်ကတည်းက အဲဒီစခန်းက ရှိနေတာပါ။ မနေ့က ကျနော်တို့ လက်နက်ကြီးတလုံးနဲ့သွားပစ်ခဲ့တာ။ ထိခိုက်ကျဆုံးမှုရှိတယ်လို့ သတင်းရပါတယ်။ အတိအကျကတော့ စုံစမ်းနေဆဲပါ” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ လေ့ကျင့်ရေးတပ်စခန်းကို သွားရောက် ပစ်ခတ်ခဲ့တာဟာ ၄ ကြိမ်ရှိခဲ့ပြီလို့ Danger Force LPDF တပ်ဖွဲ့က ဆိုပါတယ်။

အခု ပစ်ခတ်မှုကို Danger Force LPDF တပ်ဖွဲ့ နဲ့ မုံရွာခရိုင်တပ်ရင်း (၆) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ပြီခဲ့တဲ့ မေလ ၂၈ ရက်ကလည်း Danger Force LPDF တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေချိန် လက်နက်အင်အားမမျှတဲ့အတွက် တပ်စခန်းမှ ဆုတ်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင်အမျိုးသမီးတဦး ကျဆုံးကာ တပ်စခန်းကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

စာတည်း − လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။