နတ်မောက်မှာ သတင်းပေးဆိုသူ ၁ ဦး ရှင်းလင်းခံရ

0 1
0 1

မကွေး၊ ဇွန် ၆၊ ၂၀၂၃။

မကွေးတိုင်း၊ နတ်မောက်မြို့၊ မြင်းတဲကြီးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ၁ ဦးကို ဂဠုန်တပ် နတ်မောက် PDF အဖွဲ့က ဇွန် ၅ ရက် ၁၁ နာရီဝန်းကျင်မှာ ရှင်းလင်းခဲ့တယ်လို့ အဆိုပါ PDF အဖွဲ့ထံမှ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ နတ်မောက်မြို့၊ မြင်းတဲကြီးရွာက သူ့နေအိမ်မှာ ဈေးဆိုင်ဖွင့်ထားတာဖြစ်ပြီး သူဂိမ်းထိုင်ဆော့နေတဲ့အချိန် ဦးခေါင်းကို သေနတ်နဲ့ ၁ ချက်ပစ်ခဲ့တာဖြစ်လို့ နေရာမှာတင် နားထင်ထုတ်ချင်း‌ပေါက်ပြီး သေဆုံးသွားတယ်လို့ ဂဠုန်တပ် နတ်မောက် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင်က ဆိုပါတယ်။

ရှင်းလင်းခံလိုက်ရတဲ့ ဒလန်ဆိုသူ တင်မောင်ဝင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အမြဲလိုလိုအဆက်အသွယ်ရှိပြီး မိတာခကောက်ခံတာတွေမှာလည်း ဦးဆောင်ကောက်ခံပေးသူလည်းဖြစ်တယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်က မစ်ရှင်လုပ်ဖို့ထွက်လာတဲ့ ဂဠုန်တပ် နတ်မောက် PDFမှ တပ်ခွဲမှူး နတ်မောက်မြို့နယ်၊ မြင်းတဲကြီးလမ်းဆုံ၊ ဖူးပွင့်ဝေစားသောက်ဆိုင်မှာ ထိုင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးလို့ ထွက်ပြေးချိန်မှာ ကျကျန်ခဲ့တဲ့ သေနတ်ကို အခုအသတ်ခံရတဲ့ တင်မောင်ဝင်းက ကောက်ယူပြီး ရဲလက်အပ်ခဲ့တဲ့အတွက်လည်း အခုလို ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဗိုလ်အောင်ဒင်က ဆိုပါတယ်။

“ရဲတွေဖမ်းတဲ့နေ့က ကျနော့်သေနတ်ကျကျန်ခဲ့တယ်။ သေဆုံးသွားတဲ့ တင်‌မောင်ဝင်းဟာ စစ်ကောင်စီ ဒေါက်တိုင်ပေါ့။ အဲဒီကောင်က အဲဒီလက်နက်ကို ရဲစခန်းကိုသွားပြီးအပ်လိုက်တယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်က နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာ ပေ ၁၀၀ လမ်းဘေးက ဖူးပွင့်ဝေ စားသောက်ဆိုင်နားမှာ ရဲ ၁၀ ဦးဝန်းကျင်ကို ဂဠုန်တပ် နတ်မောက် PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တာမှာ ရဲ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။