ဇရပ်ကြီးရွာကို ပေါင် ၅၀၀ ဗုံးကြဲခံရလို့ နေအိမ် ၂ လုံးပျက်စီး

0 1
0 1

မန္တလေး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ တောင်သာလူထုလှုပ်ရှားမှု ကော်မတီရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် မနေ့ည ၁၀ နာရီကျော်မှာ ဂျက်ဖိုက်တာ ၁ စီးက ဇရပ်ကြီးရွာထဲကို ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာအစွန်ရှိတောစပ်အနီး စာသင်ကျောင်းအနောက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

“ပေါင် ၅၀၀ ဗုံးကျတာက စာသင်ကျောင်းအနောက်ဘက် ကမ်းပါးယံစောင်းပေါ်ကျတာ။ ကျတဲ့ အားကပြင်းတော့ မြောက်ဘက်ကလျှိုုချိုင့်ဘက်ကိုပဲ အစတွေက ပိုစင်သွားတယ်။ ထန်းပင်တွေ ဘာတွေပြတ်ကျ၊ သစ်ပင်တွေပြတ်ကျတယ်။ အဆောက်အဦတွေပျက်စီးတယ်။”လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးကျပေါက်ကွဲလို့ စာသင်ကျောင်းအနီး လူနေအိမ် ၂ လုံး၊ ဆိတ်ခြံ ၁ ခြံပျက်စီးခဲ့သလို ဆိတ် ၁ ကောင်လည်းသေဆုံးခဲ့ပြီး လူတွေထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာအပြင် စက်တပ်လေထီးတွေအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို မကြာခဏပြုလုပ်လာတာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကလည်း တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။