စစ်ကိုင်းမှာ စစ်အုပ်စုက အမျိုးသား ၇ ဦးကို PDF ဟုဆိုကာ အင်အားသုံးဖမ်းဆီးသွား

0 3
0 3

စစ်ကိုင်း၊ ဇွန် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ဇွန်လ ၂ ရက် မနေ့မနက် ၅ နာရီဝန်းကျင်အချိန်မှာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေအပါအဝင် အမျိုးသား ၇ ဦး ကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အရပ်ဝတ်အိမ်စီးကားတွေနဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ဟာ ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီး သတင်းအတိအကျနဲ့ နေအိမ်တွေကိုဝင်ရောက်ရှာဖွေဖမ်းဆီးသွားတာလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“ခုဟာက သတင်းအတိအကျရလို့ ဝင်ဖမ်းသွားတာမျိုး။ အဲ့ဒီရွာက အုန်းတောရွာနဲ့နီးတယ်။ အုန်းတောမှာက စကစ ၅၀၀၅ သံချပ်ကာတပ်လည်းရှိတယ်။ ပြီးတော့ ပျူရွာတွေလဲရှိတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ PDF တွေဖြစ်ပြီး ဘယ် PDF အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာမသိရသေးကြောင်း၊ ဝင်ရောက်ဖမ်းဆီးစဉ် လက်နက်အင်အားမမျှတဲ့အတွက် အသာတကြည်အဖမ်းခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့ စစ်ကိုင်း၊ ကျောက်ဆည်ရွာမှာ PDF အဖွဲ့ဝင်တွေ ဖြစ်တဲ့ နေပိုင်စိုး ၄၃ နှစ်၊ တင်လင်းအောင် ၃၅ နှစ်၊ ပိုင်ဇေ ၂၄ နှစ်၊ မင်းမင်းစိုး ၂၀ နှစ်၊ ဖြိုးဝေ ၁၇ နှစ်၊ ညီညီလတ် ၁၆ နှစ်နဲ့ ဟိန်းမင်းစိုး ၁၆ နှစ်တို့ကို ဖမ်းဆီးရမိပြီး လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ကော်ပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း ၆ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ဖုန်း ၈ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။