စစ်တပ်လက်အောက် မြင်းခြံခရိုင်ပြည်သူ့စစ် ဒုခေါင်းဆောင်ကို PDF တွေ ဖမ်းမိ

0 56
0 56

မြင်းခြံ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပြည်သူ့စစ်(ပျူစောထီး) ဒုတိယခေါင်းဆောင် ဦးစိန်လွင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၃ ထံက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ စစ်ကော်မရှင်တပ်လက်အောက်ခံ မြင်းခြံခရိုင်ပြည်သူ့စစ်တပ်ဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိန်လွင် ဖြစ်ပြီး ၎င်းစီးနင်းလာတဲ့ကားကို မြင်းခြံ-ညောင်ဦးလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် ယမန်နေ့မနက်ပိုင်းက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

” နောက်ဆက်တွဲတော်တော်လေး သောင်းကျန်းရှာဖွေတာတွေ ရှိတယ်။ နေရာတွေတလွဲတွေလိုက်ရှာတာပေါ့။ မနေ့ညကလည်း ကျနော်တို့ဖြစ်စဉ်ကြောင့်ပဲလား တခြားစစ်ဆင်ရေးရှိလားမသိဘူ။ နွားထိုးကြီးမြို့နယ်ထဲကို လေကြောင်းကြဲတာရှိတယ်” လို့ တပ်ရင်း ၃ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဦးစိန်လွင်နဲ့အတူ မူးယစ်ဆေးဝါးတချို့နဲ့ ယာဥ်ပေါ်ပါ နောက်ထပ်အဖော် ၃ ဦးကိုပါ ထပ်မံဖမ်း ဆီးရမိခဲ့တာဖြစ်ပြီး ၎င်းတို့ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစိန်လွင်ဟာ မြင်းခြံခရိုင်ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျားတော်စပ်သူဖြစ်ပြီး ၎င်းကို ဒုတိယခေါင်းဆောင်အဖြစ်ခန့်အပ်ထားပေမယ့် ဇနီးဖြစ်သူ သီတာယုမွန်က လက်အောက်ခံပျူစောထီးတွေနဲ့ ပြောဆိုဆက်ဆံခွင့်ပိတ်ပင်ထားကြောင်း ထွက်ဆိုထားတယ််လို့ သိရပါတယ်။

ဦးစိန်လွင် ဖမ်းဆီးခံရပြီးတဲ့နောက် မြင်းခြံမြို့တွင်းနဲ့အနီးဝန်းကျင်က KTVနဲ့ စင်တင်တွေကို ပျူစောထီးတပ်ဖွဲ့တွေက ကား ၃ စီးနဲ့ ပိတ်ဆို့ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဦးစိန်လွင်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း အရေးယူဖို့လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။