နတ်မောက်မှာ ထွေအုပ်စာရေးတဦး အသတ်ခံရ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းရွာက ထွေအုပ်စာရေးတဦး ဖေဖော်ဝါရီ ၅ ရက်ညနေ ၅ နာရီခွဲမှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် ထွေအုပ်စာရေး ကိုအောင်ကိုဦး ဖြစ်ပြီး ထုံးပေါက်ချိုင်းရွာအနီးက ပိတောက်ကုန်းရွာကို ရောက်နေချိန် သူနေထိုင်နေတဲ့အိမ်ပေါ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

“ ၄ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ သူ့ဆီမှာ အရင်တုန်းက လက်ပစ်ဗုံးတို့ဘာတို့ရှိတာကို ကျနော်တို့သတင်းကြားထားတော့ ချက်ချင်းပစ်ခတ်ရှင်းလင်းခဲ့တာ။ ရင်ဘတ်နဲ့ခေါင်း(ကျည်ထိတယ်)။” လို့ ကိုအဆိပ်သီးကပြောပါတယ်။

ပစ်ခတ်ပြီးနောက် ကိုအောင်ကိုဦးဆီကနေ ဖုန်း ၁ လုံးနဲ့ ကွန်ပျူတာ ၁ လုံးသိမ်းဆည်းခဲ့ပြီး အလောင်းကိုတော့ ပစ်ခတ်ပြီး ၁ နာရီလောက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာသယ်သွားတယ်လို့ ဆိုပါတယ်။

ကိုအောင်ကိုဦးဟာ ထွေအုပ်စာရေးအဖြစ် ၈ နှစ်ကျော်လုပ်ကိုင်လာသူဖြစ်ပြီး တပေါက်ချိုင်းရွာက ဒေသခံတွေကိုလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ညပိုင်းကင်းစောင့်ခိုင်းတာတွေလုပ်ခဲ့ကာ သူ့ကို နတ်မောက်ပကဖနဲ့ ရေနံချောင်း PDF တို့က ပူးပေါင်းပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အခုနှစ် ဖေဖော်ဝါရီ ၂ ရက် ညနေ ၆ နာရီလောက်မှာလည်း နတ်မောက်မြို့နယ်၊ အုပ်ရှစ်မျှောင်ရွာက အုပ်ချုပ်ရေးမှူးဦးမျိုးချစ် နဲ့ စန်းကုန်းရွာအုပ်ချုပ်ရေးမှူး အသက် ၇၆ နှစ်အရွယ် ဦးခင်မောင်ကိုလည်း နေအိမ်တွေမှာပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ နတ်မောက်ပကဖဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။