အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သရက်ခရိုင် ပကဖတာဝန်ခံ ဦးမြတ်ကို ပျောက်ဆုံးနေ

0 1
0 1

မကွေး၊ မေ ၃၁၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကို ပျောက်ဆုံးနေတယ်လို့ မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မေလ ၁၅ ရက်ခန့်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(သရက်ခရိုင် ပကဖ တာဝန်ခံ)ဦးမြတ်ကိုဟာ အောင်လံ ပကဖ စခန်းကနေ ထွက်သွားပြီးနောက် ဒီနေ့အထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေတယ်လို့ မကွေးတိုင်းဒေသကြီးပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

“သူထွက်သွားမယ့်နေ့မှာ ရဲဘော်တွေကို တန်းစီခိုင်းပြီးတော့ သေနတ်အတိုတလက်ခါးကြားထိုးပြီး ဘယ်သူမှ လိုက်မလာနဲ့ဆိုပြီး ပြောပြီး ထွက်သွားတယ်။ ခုထိ သူနဲ့ပတ်သက်ပြီး သတင်းအတိအကျ မရသေးသလို သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်”လို့ အောင်လံမြို့နယ် PDF အဖွဲ့ဝင်တဦးကပြောပါတယ်။

သရက်ခရိုင်ပကဖတာဝန်ခံ ဦးမြတ်ကို စခန်းကနေ ထွက်သွားပြီးနောက်မှာတော့ စစ်ကောင်စီဘက်က ဖမ်းမိသွားတယ်၊ စစ်ကောင်စီနဲ့ပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြေလတ်အသံက အတည်ပြုနိုင်ဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် တိကျတဲ့သတင်းအချက်အလက်တွေတော့ မရရှိသေးပါဘူး။

“ကျနော်တို့ သိရသလောက်တော့ သူထွက်သွားတဲ့နေ့က သူတပ်ဖွဲ့က ကလေးတွေနဲ့စကားများပြီး ထွက်သွားတယ်။ ဒီနေ့ထိ အဆက်သွယ်မရဘူး။ ခုကသူနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေတာကိုတော့ အတည်မပြုနိုင်ဘူး။ သူ့စိတ်အရတော့ စကစနဲ့ပူးပေါင်းမယ့် ပုံစံမရှိဘူး။ သူကအရင်ကတည်းက နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်လို့ စကစနဲ့တော့ ပေါင်းမှာ မဟုတ်ဘူး။ ယနေ့ထိ သူကို ရှာနေတုန်းပဲ။ သတင်းတော့မရသေးဘူး”လို့ အမည်မဖော်လိုတဲ့ မကွေးအခြေစိုက် PDF အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါ တယ်။

ဦးမြတ်ကို ပျောက်ဆုံးနေလို့ သရက်ခရိုင်အတွင်း ပကဖ၊ ပအဖအဖွဲဝင်တွေနဲ့ PDF တပ်ရင်းအချို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရလို့ အားလုံးသတိနဲ့စောင့်ကြည့်နေကြရတယ်လို့ ဆိုပါတယ်။

ဦးမြတ်ကိုဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အောင်လံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၂၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိထားသူ တဦးလည်း ဖြစ်ပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။