ကနီနယ်ကျေးရွာတရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေပစ်ခတ်

0 1
0 1

စစ်ကိုင်း၊ မေ ၃၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

ကနီမြို့နယ် မုံရွာ – ယာကြီးကားလမ်း မိုင်တိုင် ၂၇ မိုင်အနီး ပေါက်အင်းမြိုင်ကျေးရွာက စာသင်ကျောင်း၊ ဈေးဆိုင်တွေနဲ့ ယာခင်းတွေကို မုံရွာ(နမခ)ကတက်လာတဲ့ စစ်ကောင်စီလေတပ် MI 35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ နာရီဝက်နီးပါး ပစ်ခတ်သွားတာ လို့ဆိုပါတယ်။

“လေယာဉ်က ၂ ခါဝဲပီးမှ ပစ်တာဗျ ။ ပထမတခါဝဲနေတဲ့အချိန် ပြည်သူတွေပြေးကြတာ။ နောက်တပတ်ဝဲပြီးမှ လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ပစ်တာ။ မိနစ် ၂၀ကျော်တယ်” လို့ ကနီဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမူတော့မရှိပေမယ့် လူနေအိမ် ၁ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကနီနယ်က PDF တပ်ဖွဲ့ဝင်တဦးကလည်း “ပြည်သူတွေကို အကြောက်တရားပေးနေတာဗျ။ သူတို့နဲ့မတူ အကုန်ရန်သူလို့ သတ်မှတ်ထားတာ။ သူတို့စိတ်ထဲ မထင်ရင်မထင်တဲ့နေရာ ပစ်တာ ၊ ကမ်းကုန်အောင် မိုက်နေပြီမို့ ဒီတော်လှန်ရေးကြီးက မကြာခင်အောင်တော့မှာဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်က ပိုင်ရွာမှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးနေတဲ့ လမ်းကိုပြင်နေတဲ့ ပြည်သူတွေကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ၂ ကြိမ်တိုင်တိုက်ခိုက်လို့ အမျိုးသားတဦးရဲ့လက်ကိုထိခိုက်ခဲ့ပြီး ကားတစီးပျက်စီးသွားခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။