ဝက်လက်မြို့ခံ ၂၀ ကျော်ကို စစ်ကောင်စီကထွေအုပ်ရုံးမှာဖမ်းဆီးထား

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၈ ရက် ညပိုင်းမှာလိုက်လံဖမ်းဆီးပြီး ရွှေဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပို့ထားတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝက်လက်မြို့ပေါ်ကို ညတွင်းချင်းဝင်ရောက်ကာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ်အမျိုးသားတွေကိုဖမ်းဆီးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

“ မြို့ခံတွေကိုအိမ်တွေထဲအထိအတင်းဝင်ဖမ်းတာ။ ဝက်လက်မြို့ပေါ်မှာ ဒါပထမဆုံးပဲ။ အဖမ်းခံရတဲ့ အထဲမှာ အမျိုးသမီးတွေတော့မပါဘူး၊ အခုလိုပေါ်တာဆွဲတော့ ဝက်လက်မြို့ပေါ်က ပြည်သူတွေကို မြို့ပြင်ကိုထွက်ပြေးတာမျိုးတော့ရှိတယ်” လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေး ဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ညမှာပဲ မိသားစုဝင်တွေက အထုပ်အပိုးတွေပြင်ဆင်ပြီး ထွေအုပ်ရုံးကို သွားရောက်ပို့ဆောင်ပေးရကာ ဖမ်းဆီးထားတဲ့သူတွေကို စစ်မှုထမ်းဖို့အတွက် ရွှေဘိုအခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ရဟတ်ယာဉ်နဲ့ပို့ဖို့ လုပ်ဆောင်နေတယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။

“ သူတို့မိသားစုဝင်တွေလည်းပိုက်ဆံနဲ့ ဘာညာသွားရွေးတာမျိုးတွေမရှိဘူး။ ပေါ်တာဆွဲဖမ်းတဲ့ နေ့ကတည်းက အဆွဲခံရတဲ့ဒီလူတွေရဲ့အထုပ်အပိုးတွေကိုမှ သူတို့မိသားစုဝင်တွေကဖမ်းထားတဲ့ ထွေအုပ်ရုံးဘက်ကို လိုက်ပေးရတယ်” လို့ တပ်ဖွဲ့ဝင် ဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာပေါ်တာဆွဲလာတဲ့အတွက် ဒေသခံတွေလည်း စိုးရိမ်နေကြပြီး မြို့ပြင်ကိုထွက်ပြေးတိမ်းရှောင်ဖို့လုပ်ပေမယ့် စစ်ကောင်စီကမြို့အဝင်အထွက်မှာ ရှိနေတဲ့အတွက် ထွက်လို့မရကြဘူးလို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ ဆက်စပ်ပြီးဖမ်းဆီးခံရသူစုစုပေါင်း ၂၈,၅၃၉ ဦးရှိပြီး အဲ့ဒီထဲက ၂၁,၈၀၃ ဦးကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။