မိုင်းနဲ့ခဲယမ်းတွေသယ်လာတဲ့ အိမ်စီးကားကိုဖမ်းဆီးပြီး ဆိုင်ကယ်စီး ရှေ့ပြေးရဲတပ်သားကို ပစ်ခတ်ရှင်းလင်း

0 1
0 1

စစ်ကိုင်း၊ မေ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ကန်ဒေါင့်ရဲစခန်းကနေ အိမ်စီးကားနဲ့တင်ဆောင်လာတဲ့ မိုင်း၊ လက်ပစ်ဗုံး၊ ခဲယမ်းတွေကို မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးလိုက်ပါလာတဲ့ အဲ့ဒီအိမ်စီးကားကို ပုလဲမြို့နယ်အတွင်းက မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းပိုင်းတနေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့က လက်နက်ခဲယမ်းတွေကို ဖိအားပေးတင်ဆောင်ခိုင်းတာလို့ ဆိုပါတယ်။

“အိမ်စီးကားပေါ်ပါလာတာက အရပ်သားပြည်သူတွေပါ။ ကားပေါ်မှာအမျိုးသမီးလူနာ ၁ ယောက်ပါတယ်။ ဆေးရုံသွားမှာကို ကန်ဒေါင့်ကတပ်စွဲထားတဲ့ကောင်တွေက အတင်းအကြပ်တင်ပေးလိုက်တာလို့ သိရတယ်” လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် အိမ်စီးကားရှေ့ကနေ လမ်းရှင်းရှေ့ပြေးအဖြစ် ဆိုင်ကယ်နဲ့မောင်းနှင်လာသူ အမျိုးသားတဦးကိုလည်း ဖမ်းဆီးရာမှာ ခုခံတာကြောင့် အသေပစ်ခတ်ဖမ်းဆီးရမိပြီး သူဟာ ကန်ဒေါင့်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ကျော်နိုင်ဦး ဆိုသူ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိ အိမ်စီးကားပေါ်ကနေ ဂစ်တာအိတ်နဲ့ထည့်သွင်းပြီး ကန်ဒေါင့်ရဲစခန်းကတင်ပေးလိုက်တဲ့ ကျည်ဆံ၊ လက်ပစ်ဗုံး၊ မိုင်းအများအပြားကို သိမ်းဆည်းရမိခဲ့ကာ ကားနဲ့ကားပေါ်ပါလာတဲ့ ပြည်သူတွေကိုတော့ အပြစ်မဲ့အရပ်သားတွေဖြစ်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။