ကလေးဒကစမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး တတက ၁၃ ကျောင်းအုပ်ကြီးအဖြစ်ပြောင်းရွှေ့ခံရပြီး အင်းမ တပ်မ ၆၆ ဒုတပ်မမှူး ကလေးဒကစမှူး ဖြစ်လာ

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ဒကစမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး မန္တလေးတိုင်း၊ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေး ကျောင်းအုပ်ကြီးအဖြစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ပြောင်းရွှေ့ရောက်ရှိလာတယ်လို့ သပိတ်ကျင်းတပ်နယ်နဲ့ နီးစပ်သူတချို့ထံက သိရပါတယ်။

အလုပ်သင်ဗိုလ် အပတ်စဥ် ၂၁ ဆင်း ဗိုလ်မှူးချုပ် အောင်နိုင်ဦးဟာ ယခင် တတက ၁၃ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေး အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးအဖြစ် ရောက်ရှိသွားလို့ လစ်လပ်သွားတဲ့ တတက ၁၃ ကျောင်းအုပ်ကြီးနေရာကို ပြောင်းရွှေ့ခံခဲ့ရတာပါ။

“ ရောက်ရောက်ချင်း တပ်နယ်(သပိတ်ကျင်း)ထဲက ခြေလျင်တပ်ဖွဲ့တွေနဲ့ လိုက်တွေ့သွားတယ်။” လို့ သပိတ်ကျင်းတပ်နယ်နဲ့နီးစပ်သူတဦးကပြောပါတယ်။

ပုံစာ (၂) – ကလေးဒကစမှူးအဖြစ် ရောက်ရှိသွားသည့် ဗိုလ်မှူးကြီး အောင်ကျော်ဆိုင်။ (ဓါတ်ပုံ – စစ်ကောင်စီ ပြန်ကြားရေး)

ဗိုလ်မှူးချုပ် အောင်နိုင်ဦး ဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ ပြည်ဒကစမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၃ ဩဂုတ်လမှာ ကလေးဒကစမှူးအဖြစ် ပြောင်းရွှေ့ရောက်ရှိသွားပြီးတဲ့နောက် လက်ရှိ တတက ၁၃ ကျောင်းအုပ်ကြီးအဖြစ် ထပ်မံပြောင်းရွှေ့ခဲ့ရတာပါ။

“ အရင်က တတက ကျောင်းအုပ်တွေက ဂျောင်(ချောင်)ထိုးခံရတာကနေ ခုက Roll နည်းနည်းမြင့်လာပြီ၊ တတက ကျောင်းအုပ်လည်း တိုင်းမှူးဖြစ်လာတဲ့အခြေအနေ။” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ဗိုလ်မှူးချုပ် အောင်နိုင်ဦး ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ လူအစုလိုက်သေစေတဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေအပါ စစ်ကောင်စီတပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေမှာ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ကလေးဒကစမှူးနေရာကို ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ အင်းမအခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်(တမခ ၆၆) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်ဆိုင် (အလုပ်သင်ဗိုလ်အပတ်စဥ် ၂၆) က အဆင့်တိုး၊ရာထူးတိုးနဲ့ ရောက်ရှိသွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။