တလုပ်မြို့ရွာက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ

0 1
0 1

မန္တလေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာကနေအိမ်တွေကို ဖေဖော်ဝါရီ ၁၇ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တလုပ်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံဆီက သိရပါတယ်။

တလုပ်မြို့ကျေးရွာက 999 ပွဲရုံနဲ့ နေအိမ်တချို့မှာတပ်စွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ မနေ့ကညနေ ၄ နာရီကျော်မှာ ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၅ နာရီခွဲလောက်မှာစတင်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ညနေ ၅ နာရီခွဲလောက်ကနေစရှို့တာ။ ဒီမနက်(ဖေဖော်ဝါရီ ၁၈ ရက်)၄ နာရီလောက်မှ မီးသေ(ငြိမ်း) သွားတာ။ မီးလောင်ပျက်စီးမှုကတော်တော်များလောက်တယ်။ မီးကျီတွေနဲ့ပစ်ရှို့တဲ့အသံတွေကိုလည်း ကြားရတယ်။ စုံနေတာပဲရှို့တာ။ မီးလောင်တဲ့အချိန်ကာလနဲ့ဆို အိမ်ခြေရာဂဏန်းလောက်တော့ ကုန်နိုင်တယ်”လို့ တလုပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုသိမ်းမောင်ကပြောပါတယ်။

အိမ်ခြေ ၁၂၀၀ ဝန်းကျင်ရှိတဲ့တလုပ်မြို့ရွာက ရွာအနောက်ပိုင်းနဲ့ မြောက်ပိုင်းကနေအိမ်တွေ မီးရှို့ခံရတာဖြစ်ပြီး တအိမ်နဲ့တအိမ်ကပ်လျှက်ရှိတာ၊ သစ်သားနေအိမ်တွေလည်းများတဲ့အတွက် လက်ရှိမှာတော့ အိမ်ခြေ ၄၀၀ လောက်မီးလောင်ပျက်စီးနိုင်တယ်လို့ခန့်မှန်းထားကြောင်း သူကဆက်ပြောပါတယ်။

အခုမီးရှို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကတည်းက လာရောက်တပ်စွဲနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှာလည်း တလုပ်မြို့ရွာကစစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့ပြီး ၂ ဖက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၅၀ ဝန်းကျင်လည်းမီးလောင်ပျက်စီးခဲ့ကာ ဒေသခံတွေလည်း အဲ့ဒီအချိန်ကတည်းကရွာကနေ ထွက်ပြေး တိမ်းရှောင်နေကြတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။