စစ်ကောင်စီ အမြဲတမ်းအသုံးပြုတဲ့တံတား မိုင်းထောင်ဖောက်ခွဲခံရ

0 1
0 1

ပဲခူး၊ မေ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဖက်ဝင်းကုန်းကျေးရွာနားရှိ စစ်ကောင်စီစစ်ကြောင်းထိုးချိန် အမြဲတမ်းအသုံးပြုနေနဲ့ ဖက်ဝင်းကုန်းတံတား မိုင်းထောင်ဖောက်ခွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၂၇ ရက်နေ့ မနက် ၄ နာရီကျော်ခန့်မှာ ဇရပ်ကြီး-မြို့ဆိုး-ကျွဲပွဲသွား ကားလမ်းပေါ်ရှိ သံဘောင်တံတားကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခုနောက်ပိုင်း စကစ က ထန်းတပင်မြို့နယ် တောင်ခြမ်းကို စစ်ကြောင်းထိုးလာရင် ထန်တပင်လမ်းနဲ့ ရွှေစျေးလမ်းကိုအသုံးမပြုတော့ဘဲ ကျွဲပွဲကနေ ခုလမ်းကိုသုံးပြီး ဝင်ပါတယ်။စကစ အနေနဲ့တော့ ခုတံတားကျိုးသွားတဲ့အတွက် ကျွဲပွဲဘက်ကနေထန်းတပင်မြို့နယ်တောင်ခြမ်းကို လာဖို့မလွယ်တော့ဘူး ဖြစ်သွားပါတယ်။ လက်ရှိအချိန်မှာသူတို့အများဆုံးအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့အတွက် သူတို့အနေနဲ့ တံတားပြန်အသုံးပြုလို့ရအောင် လုပ်သွားမယ်လို့ထင်ပါတယ်။” လို့ ပြောပါတယ်။

မိုင်းထောင်ဖောက်ခွဲခံရလို့ ပေ ၆၀ ကျော်ခန့်ရှိ သံဘောင်တံတားရဲ့ အလယ် ၁၅ ပေ ကျော် လောက်ပြိုကျပျက်စီးသွားလို့ အသုံးပြုလို့မရတော့ဘူးလို့ သိရပါတယ်။

တံတားပျက်စီးသွားပေမယ့် ဒေသခံတွေအနေနဲ့တော့ ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲ ထန်းတပင်မြို့နဲ့တောင်ငူမြို့တို့ကို သွားလာဖို့ မြို့နယ်ပတ်လမ်းအနေနဲ့ ဖောက်ထားတဲ့ စစ်တောင်းမြစ်ရိုးတလျှောက် သွားလမ်းရှိသေးတယ်လို့ ဆိုပါတယ်။

အဲဒီတံတားဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း တကြိမ်မိုင်းခွဲခံရလို့ သံဘောင်နဲ့ ပြန်လည်ပြုပြင်ထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းကလည်း ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာနဲ့ သမစိတ္တကျေးရွာကြား ကျေးရွာချင်းဆက်လမ်းရှိ ဘုံမတီချောင်းကူးတံတားမိုင်းထောင်ဖောက်ခွဲခံရလို ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။