PDFနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် ပဒူကျေးရွာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

0 4
0 4

စစ်ကိုင်း၊ မေ ၂၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာ ရဲစခန်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၂ ရက် ဒီနေ့မနက်အစောပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် မနက် ၁၁ နာရီလောက်မှာ တကြိမ်၊ နေ့လယ် ၃ နာရီလောက်မှာတကြိမ် Mi 35 တိုက်ခိုက်ရေးရဟက်ယာဥ်နဲ့ ပဒူကျေးရွာထဲကို လာရောက်ပစ်ခတ်ခဲ့တာလို့ ဝက်လက် ပြည်သူ့အစေခံတော်လှန်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရွာထဲကို လေယာဉ်နဲ့လာကြဲသွားတာ။ ထိခိုက်ပျက်စီးမှုတွေတော့ ရှိလိမ့်မယ်။ ဘယ်လောက်ထိ ဘာတွေပျက်စီးသွားလဲ ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး။ ရွာထဲလည်း ဘယ်သူမှ ဝင်လို့မရသေးဘူး။ ထိတွေ့ပစ်ခတ်မှုတွေကလည်း မငြိမ်သေးတော့လေ”လို့ ပြောပါတယ်။

တကြိမ်ကို ၁၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပဒူကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေးအခြေအနေတွေ ထပ်ပြီး ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလည်း ရဲစခန်းသိမ်းဖို့ နောက်ထပ်ပွဲတပွဲ ထပ်ဖြစ်နေတယ်လို့ ကြားတယ်။ ပဒူရွာထဲကနေ အိမ်တွေဘယ်လောက် ထိခိုက်ပျက်စီးသွားလဲ ဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ ရွာသားတွေ ထိခိုက်တာတွေလည်းမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ရွာသားတွေကို ကျနော်တို့တွေက လွတ်မြောက်နေရာကို ကြိုပြီတော့ ခေါ်ထုတ်ထားလို့ပါ”လို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းအခြေစိုက် တမခ ၃၃ က ဖြစ်ပြီး၊ မေလ ၂၁ ရက်မနေ့ကတည်းက ပဒူကျေးရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်လာတာဖြစ်သလို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒေသခံတွေထဲက အမျိုးသမီးတဦး ကားမှောက်သေဆုံးခဲ့ပြီး၊ ၆ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ မင်းဝံတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။