နေပြည်တော်-မကွေးလမ်းမှာ ဟိုက်ဂျက်နဲ့ မန္တလာမင်းကား ခေါင်းချင်းဆိုင်တိုက်လို့ ၅ ဦးသေဆုံး

0 3
0 3

မကွေး၊ မေ ၂၁၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွှေပန်းတောကျေးရွာအနီး နေပြည်တော်-မကွေးကားလမ်းပိုင်းမှာ ဟိုက်ဂျက်ယာဥ်နဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိပြီး ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်ဒီကနေ့မနက် ၁၀ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မကွေးဘက်ကိုမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ မျက်နှာချင်းဆိုင်ယာဥ်ကြောကနေလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ဟို​ဂျက်ယာဥ်က နေပြည်တော်ဘက်ကနေဆေးခန်းပြပြီး စလင်းဘက်ကိုပြန်တာ။ ဖြစ်တဲ့နေရာက ကွေ့ကြောဆိုတော့ ဘယ်သူမှား၊ဘယ်သူမှန် မသိရသေးဘူး။ ထိခိုက်သေဆုံးတာတွေကတော့ ဟိုက်ဂျက်ပေါ်က လူတွေပါ” လို့ ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဥ်ပေါ်ပါ အသက် ၆၀ ကျော် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ ကျော် အမျိုးသမီး ၃ ဦးနဲ့ ယာဉ်မောင်းအမျိုးသား ၁ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသူတွေဟာ စလင်းမြို့နယ်ဘက်ကဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာအနီးရှိ ဒေသခံတွေက မြို့သစ်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။