ပဲခူး PDF ဗျူဟာ ၂၂ ရဲ့ အပတ်စဥ် ၁ စစ်သင်တန်းဆင်းပွဲ

0 6
0 6

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ-၂၂ ရဲ့ အပတ်စဥ် ၁ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနာကို ဒီဇင်ဘာ ၂၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဗျူဟာ-၂၂ ဆီက သိရပါတယ်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်း တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ၁၅၀ ဦးရှိပြီး စက်တင်ဘာလကနေ ဒီဇင်ဘာ ၂၀ ရက်အထိ ၃ လကြာ လေ့ကျင့်သင်ကြားပြီးနောက် သင်တန်းဆင်းပွဲကို သာယာဝတီခရိုင်အတွင်းမှာပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

“အရင်ကတော့ တပ်ရင်တွေမှာဘဲ သင်တန်းပေးကြတာပေါ့။ ခုကတော့ ဗျူဟာကနေ ဦးစီး ကျင်းပလုပ်ပေးတာဆိုတော့ ပိုစည်းလုံးပြီး ပိုမို အလုပ်တွေ တွင်ကျယ်လာတော့မှာပါ။ ဗျူဟာဆိုတဲ့ အတိုင်းဗျူဟာ ကျကျနဲ့စုစည်းပေါင်းစည်းပြီး အလုပ်တွေ ပိုလုပ်ပြနိုင်ကြမှာပါဗျ” ဗျူဟာ-၂၂ရဲ့ ဗျူဟာမှူးက ပြောပါတယ်။

သင်တန်းကာလအတွင်းမှာတော့ ကိုယ်ခံပညာရပ်၊ ကိုယ်ကာယ၊ စိတ်ဓာတ်ကြံ့ခိုင်ရေးသင်ခန်းစာ၊ နိုင်ငံရေးသင်ခန်းစာ၊ ဆက်သွယ်ရေးသင်ခန်းစာ၊ အခြေခံဆေးပညာရပ်၊ မိုင်းပညာရပ်တွေကို သင်ကြားခဲ့တာလို့ ဗျူဟာမှူးက ဆိုပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို အစီအစဉ် ၉ ရပ်နဲ့ ကျင်းပခဲ့ပြီး အခမ်းအနားကို နည်းဗျူဟာ-၂၂ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ခွဲတွေမှ တာဝန်ရှိသူတွေ၊ ပကဖ တာဝန်ခံတွေ နဲ့ မဟာမိတ်အဖွဲ့အစည်းတွေ တပ်မှူး တာဝန်ခံတွေ တက်ရောက်ချီးမြှင့်ပေးကြတယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။