NUG ကာကွယ်ရေးဌာနက ဂန့်ဂေါခရိုင်PDF အမှတ် ၁၃ တပ်ရင်းကို လက်နက်တချို့တပ်ဆင်ပေး

0 3
0 3

မကွေး၊ မေ ၁၉၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်း (The Youth Force Saw & Kyaukhtu)အဖွဲ့ ရဲဘော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူတွေက လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၈ ရက် မနေ့မနက် ၁၀ နာရီဝန်းကျင်မှာ တိုင်းကွပ်ကဲရေးမှူးနဲ့တာဝန်ရှိသူတွေက ရဲဘော်တွေကို ရင်းနှီးခင်မင်စွာနဲ့စကားပြောဆိုခဲ့ကြပြီး လက်နက်တချို့တပ်ဆင်ပေးခဲ့တယ်လို့ တပ်ရင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“မနေ့ကမနက်ပိုင်းက ထောက်ပံ့တာပါ။ မကွေးတိုင်းကွပ်ကဲရေးမှူးကိုယ်တိုင် လာပေးပါတယ်။မောင်းပြန် Type 81 အမျိုးအစားလက်နက်တချို့တွေပါ” လို့ ပြောပါတယ်။

မကွေးတိုင်းကွပ်ကဲရေးမှူးအနေနဲ့ တပ်ရင်းရှိရဲဘော်တွေကို စည်းကမ်းပြည့်ဝတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်လာစေဖို့လည်း တွေ့ဆုံအမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။