ကနီမှာ မိုးရွာနေချိန် လေကြောင်းနဲ့တိုက်ခိုက်၊ မြေပြင်တိုက်ပွဲမှာ ပကဖ တဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ မေ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းမရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရဲဘော်တဦးသေဆုံးခဲ့တဲ့အပြင် စစ်ကောင်စီဘက်က လေကြောင်းနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက် မနေ့မနက်က အင်အား ၁၂၀ ကျော်ပါတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မင်းမရွာ၊ သမင်ခြံရွာနဲ့ သင့်ဝင်ရွာကြား‌တွေကို ဂျက်ဖိုက်တာ ၃ ခေါက် အဝေးကနေ ပစ်သွားခဲ့တာလို့ ဆိုပါတယ်။

“ကျသွားတဲ့ရဲဘော်က စစ်ကောင်စီတပ်ချထားတဲ့ ရွာနားက တာဝါတိုင်ပေါ်ကို ကင်းတက်ထောက်တာ။ အဲ့ချိန် စစ်ကောင်စီက သေနတ်နဲ့ ပစ်လိုက်တာ။ လေယာဉ်ကလည်း မိုးရွာကြီးထဲမှာ လာပစ်တာဆိုတော့ ပစ်သွားမှန်းတောင် မသိကြဘူး။ တကယ်တော့ လေယာဉ်နဲ့ လာပစ်သွားတယ်။ အဝေးထိန်းပြီးတော့ ပစ်တဲ့အနေထား”လို့ တပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာလည်း ရဲဘော်တဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တွေရဲ့ တပ်ဖွဲ့နဲ့ အချက်လက်တွေကတော့ လုံခြုံရေးကြောင့် မထုတ်ပြန်သေးပါဘူး။

စစ်ကြောင်းဟာ မေလ ၁၅ ရက် အခုလက်ရှိအချိန်ထိ မင်းမရွာထဲမှာပဲ တပ်စွဲထားပြီး၊ မေလ ၁၂ရက် ညကတည်းက ကနီမြို့နယ်ထဲကို ဝင်ရောက်နေတာဖြစ်တဲ့အတွက် ပြည်သူ ၁သောင်း၃ထောင်ကျော်လည်း မိုးရေထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။