ရှေ့တန်းလိုက်ပို့တဲ့ PDF ရဲဘော် ၁ ဦး မြွေပွေးကိုက်ခံရပြီး ဖြေဆေးအများအပြားသုံး ကုသနေရ

0 1
0 1

စစ်ကိုင်း၊ မေ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KPDF ရဲဘော်တဦး မြွေပွေးကိုက်ခံရပြီး ဆေးကုသမှုခံယူနေကာ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

မေ ၇ ရက်နေ့က PDF ရဲဘော်တဦးကို ရှေ့တန်းတပ်စိတ်သို့ ဆိုင်ကယ်နဲ့လိုက်လံပို့ဆောင်စဉ် မြွေပွေးကိုဖြတ်နင်းမိလို့ အကိုက်ခံရတာဖြစ်ပြီး မြွေဆိပ်ဖြေဆေး ၁၈ လုံးအသုံးပြုကုသနေရတယ်လို့ ကောလင်း PDF ဒုတပ်ရင်းမှူး ဗိုလ်နိုင်ကြီးက မြေလတ်အသံကိုပြောပါတယ်။

“ဆိုင်ကယ်နဲ့ မြွေကိုဖြတ်နင်းမိလိုက်တော့ အကိုက်ခံရတာပါ။ ရဲဘော်တွေတခါမှ မဖြစ်ဖူးပါဘူး။ ရွာသားတွေဖြစ်လေ့ရှိတော့ ရွာမှာဆောင်ထားတဲ့ဆေးကိုယူပြီး ကုနေရတာပေါ့။ ဆေးတွေကစျေးကြီးသလို ဝယ်လို့မလွယ်ဘူး” လို့ ပြောပါတယ်။

PDF ရဲဘော်ရဲ့ ညာဘက်ခြေထောက်ခြေကျင်းဝတ်ကို အကိုက်ခံရပြီး ဆေးအဖွဲ့က အချိန်မီကုသပေးနိုင်ခဲ့လို့ အသက်သေဆုံးမှုတော့မရှိပေမယ့် စောင့်ကြည့်နေဆဲအခြေအနေလို့ ဆိုပါတယ်။

“လူလည်းထူထူထောင်ထောင်ရှိပါတယ်။ခြေထောက်ရောင်လို့ လမ်းမလျှောက်နိုင်တာပဲရှိပါတယ်။ ရဲဘော်တွေအတွက်ဆေးဝါးထောက်ပံ့တာမရှိဘဲ ဆေးဖိုးပါရှာနေရတော့ ငွေကြေးအခက်အခဲရှိတာပေါ့” လို့ သူကပြောပါတယ်။

မြွေဆိပ်ဖြေဆေးတလုံးကို ၃ သောင်းကျပ်ကျော် ပေးဝယ်ရပြီး လတ်တလောမှာ တိုက်နယ်ဆေးရုံနဲ့ ကျေးရွာတွေမှာ အသင့်ထားရှိတဲ့ မြွေဆိပ်ဖြေဆေးတွေကို အသုံးပြုကုသနေရကာ ဆေးဝါးလိုအပ်ချက် တွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ ကောလင်း၊ကန့်ဘလူဒေသတွေမှာ စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေအပါအဝင် PDF တွေလည်း မြွေဆိုးအန္တရာယ်ကြုံတွေ့နေရပြီး ကန့်ဘလူနယ်အတွင်းမှာ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင် ၆၀ ကျော် မြွေဆိုးကိုက်ခံထားရတာဖြစ်ကာ ကုသဖို့မြွေဆိပ်ဖြေဆေးလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။