မုံရွာအခြေစိုက် LPDF ထုတ်လုပ်ရေးစခန်း မီးလောင်ဆုံးရှုံးပြီး ပြန်တည်ဆောက်ဖို့ အခက်ခဲဖြစ်နေ

0 1
0 1

မုံရွာ၊ မေ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက်ဖြစ်တဲ့ Danger Force LPDF တပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်းဟာ အပူရှိန်ကြောင့် ဝါယာရှော့ဖြစ်ကာ မီးလောင်ဆုံးရှုံးသွားပြီး ပြန်တည်ဆောက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ အဲဒီအဖွဲ့ထံက သိရပါတယ်။

ထုတ်လုပ်ရေးစခန်းနဲ့အတူ စခန်းတွင်း အသုံးအဆောင် စစ်လက်နက်ပစ္စည်းတွေလည်းမီးလောင်ပျက်စီးသွားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ထုတ်လုပ်ရေးစခန်းအသစ်ပြန်လည်ဆောက်လုပ်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

အခုချိန်ထိလည်း ပြန်လည်ဆောက်လုပ်ဖို့ အဆင်မပြေသေးတဲ့အတွက် မိုင်းထုတ်လုပ်ရေးနဲ့ လက်နက်ကြီးထုတ်လုပ်ရေးလုပ်ငန်းတွေကို ရပ်နားထားရတယ်လို့ Danger Force LPDF တပ်ဖွဲ့မှ ကိုနောင်ရိုးက ပြောပါတယ်။

“နေပူရှိန်လွန်ကဲတာရော၊ ထုတ်လုပ်ရေးပစ္စည်းတွေ အသုံးပြုတာများတာရောကြောင့် ရှော့ဖြစ်ပြီး မီးလောင်သွားတာပါ။ အခုလို ထုတ်လုပ်ရေးစက်ရုံ မီးလောင်တာက ပထမအကြိမ်ပါ။ အစကတော့ မထုတ်ပြန်တေ့ာဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ပြန်လည်တည်ဆောက်ဖို့က ကျနော်တို့အနေနဲ့ ဘယ်လိုမှ အဆင်မပြေတော့တဲ့အတွက် အခုမှထုတ်ပြန်ရတာပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးခဲ့တဲ့ ပစ္စည်းတွေကတော့ တွင်ခုံ (၂၅) သိန်း၊ ဂဟေပုံးနှစ်ပုံး၊ ဖြတ်စက်အကြီး၊ ကျောက်စက် ၆ လုံး၊ ဖောက်ဂန်းအကြီး ၂ လုံး၊ ဖောက်ဂန်းအသေး ၁ လုံး၊ မော်တာ ၁ လုံး၊ ၇.၆၂ ပြောင်းအစစ် ၁ ပြောင်း၊ 9A phone ၁ လုံး ၊ စကားပြောစက် ၁ လုံး၊ စတီးစူးသွား၊ ၇.၆၂ ကျည် ၃၅ ထောင့်၊ ၉ မမ ကျည် ၂၅ ထောင့်၊ ၅.၅၆ ကျည် ၃၀ ထောင့် စုစုပေါင်းငွေကြေးတန်ဖိုး ကျပ်သိန်း ၇၀ ခန့် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့လည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့နဲ့ အခုချိန်ထိ ထုတ်လုပ်ရေးစခန်းအသစ် ပြန်လည်တည်ဆောက်ဖို့ မည်သူတဦးတယောက်ကမှ လာရောက်ကူညီသူ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

Danger Force LPDF တပ်ဖွဲ့ဟာ ဧပြီလ ၁၀ ရက်နေ့ကပဲ အရာတော်မြို့ အနောက်ဖက်အထွက်မှာရှိတဲ့ စက်မှုလယ်ယာဂိတ်ကို ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားဘက်မှ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။