ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံသူ ၅၀ ထက်မနည်းရှိလာပြီး အသက်မပြည့်သူ ၂ ဦးသာ ပြန်လွတ်

0 1
0 1

ပဲခူး၊ မေ ၆၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကျေးရွာ ၄ ရွာက ဒေသခံ ၅၀ ထက်မနည်းကို ဖမ်းဆီးထားပြီး အသက်မပြည့်သေးသူ ၂ ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၇ ရက်နေ့မှ မေ ၅ ရက်နေ့အထိ ၁၀ ရက်နီးပါးအတွင်း ၅၀ ကျော်ဖမ်းဆီးခံထားရတာဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာလမ်းဆုံတွေမှာ တားဆီးစစ်ဆေးတာနဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေလုပ်ပြီးနောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဝေါပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“စဖြစ်တဲ့နေ့ကတည်းက မနေ့ကထိဆို ဖမ်းဆီးခံရသူက ၅၀ ကျော်လောက်ရှိလာပြီ။ လူငယ် ၂ ဦးကိုဘဲ ပြန်လွှတ်သေးတယ်၊ အသက်မပြည့်သေးလို့။ ကျန်တဲ့သူတွေကိုတော့ ဆက်ဖမ်းထားသေးတယ်။ မိသားစုဝင်တွေနဲ့တော့ ဘယ်သူမှတွေ့ခွင့်မရသေးဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ဖိုးစပါယ်ကျေးရွာနေ ဦးသန်းဇော်ဦး၊ မခိုင်မီမီစံ၊ ဦးကြည်နိုင်တို့အပါအဝင် ညောင်ခါးရှည်၊ ဖိုးစပယ်၊ ကျုံပါ၊ ကဒွတ် စတဲ့ရွာတွေက ဒေသခံ ၅၀ ထက်မနည်းဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကျေးရွာတွေဘက်မှာ ကင်းပုန်းဝပ်၊ အစစ်ဆေးတင်းကြပ်နေသလို ဒေသခံတွေကိုလည်း PDFနဲ့ပတ်သက်သူတွေဆိုပြီး အကြောင်းပြဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ ဘုရားကြီးမြို့ အခြေစိုက် စစ်ကောင်စီအမြှောက်တပ် စစ်ကြောရေး၊ ဝေါမြို့မရဲစခန်းတွေမှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ည ၇ နာရီလောက်မှာ ညောင်ခါးရှည်ရဲစခန်းကို ဝေါပကဖ၊ ပဲခူးခရိုင်တပ်ရင်း(၃၇၀၁) ပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။