myaelatt athan

Sharing Information to the Local

တော်လှန်ရေးနေ့အကြိုအဖြစ် နမခတိုင်းရုံးနဲ့ ရဟတ်ယာဥ်ကွင်းကို ရှော့ဒုံး ၃ လုံးနဲ့ပစ်ခတ်တိုက်ခိုက်

မုံရွာ၊ မတ် ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မတ် ၂၄ ရက် ဒီမနက်မှာ Brave Warriors for Myanmar (BWM)က ထုတ်ပြန်ပါတယ်။

မတ် ၂၃ ရက် မနေ့ည ၉ နာရီကျော်မှာ နမခအတွင်းက တိုင်းစစ်ဌာနချုပ်ရုံးနဲ့ Mi 17 စစ်ရဟတ်ယာဥ်ရပ်နားကွင်းတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ၂ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

” နောက် ၁ လုံးက မအောင်တာပေါ့။ ထိခိုက်မှုအခြေအနေကိုစုံစမ်းနေဆဲပါ၊ ပစ်လိုက်တဲ့ ၂ လုံးက တိုင်းစစ်ဌာနချုပ်ရုံးနဲ့ Mi17 ရဟတ်ယာဥ်ရပ်နားကွင်းကိုပစ်တာပါ၊ ပြန်ဆုတ်လာတဲ့အချိန်အထိတော့ စကစဘက်ကတုန့်ပြန်တာ ဘာမှမတွေ့ခဲ့သေးပါဘူး”လို့ Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

နမခဟာ စစ်ကိုင်းတိုင်းအတွင်း အရပ်ဘက်နေရာတွေကို စစ်ကြောင်းထိုးပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲသတ်ဖြတ်တာတွေကို ပြုလုပ်နေတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တာကြောင့် မတ် ၂၇ ရက်မှာ ကျရောက်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့အကြိုလက်ဆောင် (BWM Mission 32) အဖြစ်သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ)၊ Democratic Rangers အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၄ ရက်ကလည်း အဆိုပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။