စစ်ကောင်စီက ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှင်းလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံး

0 1
0 1

စစ်ကိုင်း၊ မေ ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းထဲက ငါးယှန်ကျေးရွာနဲ့ နတ်ရေကန် ကျေးရွာအကြားမှာ စစ်ကောင်စီက ခရီးသွားတွေကို လူသားဒိုင်းလုပ်ပြီး မိုင်းဖော်သွားလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံးသွားတယ်လို့ CHU PDF တပ်ခွဲ ၈၊ လျှပ်တပြက်စွန်ညို တာဝန်ခံမောင်ကျန်က ပြောပါတယ်။

မေလ ၁ ရက်မှ ၃ ရက်အတွင်း နေရာ ၃ ခုကနေ စစ်ကောာင်စီအတွက် ထောင်ထားတဲ့ မိုင်းတွေ ဆုံးရှုံးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဒီလမ်းပိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တွေအသုံးများတဲ့ လမ်းဖြစ်ပြီး မကြာခဏမိုင်းဆွဲခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ မိုင်းရှင်းလင်းပြီးမှ လမ်းကိုအသုံးပြုကြသလို လူကြီးလမ်းကြောင်း ရှိနေတဲ့အခါမျိုးဆို မိုင်းရှင်းလင်းရေးကို ပိုလုပ်ကြတယ်လို့ ဆိုပါတယ်။

“(မိုင်း)ရှာတဲ့နေရာမှာ အရင်ကတော့ အနီးအနားရွာက လူတွေကို ဓားစာခံအနေနဲ့ ခေါ်လာပြီးရှာတယ်။ နောက်ပိုင်းကျတော့ သူတို့မိုင်းရှာတော့မယ်ဆိုရင် ခရီးသွားကားတွေ ရပ်ခိုင်းတယ်။ လူတွေကိုဆင်းခိုင်းပြီးမှ မိုင်းရှာတာ။ အခြားပြည်သူတွေ ရှိနေတော့ ကျနော်တို့ဘက်က ဒီအတိုင်းမြင်နေရပြီး မလုပ်လိုက်ရဘူး ဖြစ်နေတာ”လို့ လျှပ်တပြက်စွန်ညို တာဝန်ခံမောင်ကျန်က ပြောပါတယ်။

စစ်ကောင်စီဘက်က မိုင်းတွေသိမ်းသွားလို့ ဆုံးရှုံးနစ်နာသွားတာတွေရှိပေမယ့် မိုင်းမစ်ရှင်တွေကို ဆက်လက် အကောင်အထည်ဖော်သွားဦးမှာဖြစ်ပြီး ပြည်သူတွေဘက်က ကူညီပေးကြဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့က သိမ်းဆည်းသွားတဲ့ မိုင်းတွေဟာ အဖွဲ့အစည်းတခုတည်းက မိုင်းတွေမဟုတ်ဘဲ အဖွဲ့ ၃ ဖွဲ့ထက်မနည်းပိုင်တဲ့ မိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။ မိုင်းတလုံးကို တန်ဖိုး ကျပ် ၂ သိန်းနီးပါး ရှိတာကြောင့် စုစုပေါင်း ကျပ်သိန်း ၂၀၀ ကျော် ဆုံးရှုံးနစ်နာသွားတာပါ။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။