ရွှေဘိုမှာ စစ်ကော်မရှင်တပ်ဖွဲ့ကပစ်ခတ်တဲ့ လက်နက်ကြီးဗုံးစထိလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 10
0 10

ရွှေဘို၊ နိုဝင်ဘာ ၂၈၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကော်မရှင်တပ်ပစ်တဲ့ လက်နက်ကြီးဗုံးသီးစထိမှန်လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့နယ်ပကဖအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ရက် ယမန်နေ့ နေ့လယ်၂ နာရီခန့်မှာ ရွှေဘိုမြို့တောင်ဘက်အထွက်မုခ်ဦးအနီးအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်ကနေ လက် နက်ကြီးတွေနဲ့ ဇီးတောကျေးရွာကို ၂ လုံး၊ အောင်ချမ်းသာကျေးရွာကို ၂ လုံးပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

” လောလောဆယ်တော့ တိုက်ပွဲမဖြစ်ဘူး။ စိုင်နိုင်လေးဘက်ကို **ကရောက်နေတာ ၃ ရက်ရှိပြီဆိုတော့ သွားကြိုကြတာကို ပတ်ဝန်းကျင်ကရွာတွေကို ရမ်းသမ်းပစ်တာ။ ထိခိုက်သေဆုံးတာက အောင်ချမ်းသာရွာထဲကျတဲ့အလုံးမှာ ထိတာ။ ဇီးတောရွာကမထိဘူး ရွာခါထားတာ” လို့ ရွှေဘိုမြို့နယ်ပကဖသတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ပစ်ခတ်တဲ့လက်နက်ကြီးက အောင်ချမ်းသာရွာလမ်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်သိန်းဌေးမှာ ဗုံးစထိမှန်သေဆုံးပြီး အသက် ၂၃ နှစ် လူငယ်အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ အောင်ချမ်းသာကျေးရွာထဲက ပြည်သူ ၁,၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက်ကလည်း ရွှေဘိုမြို့နယ်၊ နှောပင်ကျေးရွာကို စစ်ကော်မရှင်တပ်စစ်ကြောင်းက မီးရှို့ခဲ့လို့ အိမ်​ခြေ ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။