ကျည်ထိဒဏ်ရာနဲ့ဖမ်းမိတဲ့ စစ်ကော်မရှင်တပ်သားကို PDF က ဆေးကုပေး(ရုပ်/သံ)

0 3
0 3

မြိုင်၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။

မြိုင်မြို့နယ်အခြေစိုက် တကစ ၃ နဲ့ ၂ မိုင်ခန့်ဝေးအကွာ တောတိုက်အတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရနေတဲ့ စစ်ကော်မရှင်တပ်သားကို ဆေးကုသပေးဖို့ သယ်နေကြတာပါ။

အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံ တကစ ၃ ကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦးဟာ နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မနက် ၈ နာရီခွဲမှာ ဒေကာကွယ်ရေးတပ်တွေက ပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ စစ်ကော်မရှင်တပ်သားဟာ ပေါင်ကိုကျည်ထိမှန်ခဲ့တာကြောင့် လမ်းမလျှောက်နိုင်တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေက ဆေးကုပေးဖို့သယ်ယူနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကော်မရှင်တပ်သားကို မြိုင်ပကဖ ကဆေးကုသပေးထားပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ မြိုင်မြို့နယ်ပကဖတာဝန်ခံ ဗိုလ်လက်ယာကပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေထံက MA 1 မောင်းပြန်သေနတ် ၁ လက်၊၅.၅၆ မမ ကျည် ၄၇၃ တောင့်၊ ကျည်ဘောက် ၆ ခု၊ ဖုန်းနဲ့အားသွင်းကြိုးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးနဲ့ဖမ်းဆီးရမိသူတွေဟာ မြိုင်ဒေသကို တိုက်ခိုက်ရေးရောက်ရှိနေတဲ့စလင်းအခြေစိုက် ခလရ ၂၅၃ တပ်ရင်းကစစ်ကော်မရှင်တပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Good Brothersတပ်ဖွဲ့ နဲ့ အညာမြေတပ်ပေါင်းစုတို့က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။