ရီရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ ပထမဆုံးရှုံးပွဲကြုံစေခဲ့တဲ့ လီဗာပူးလ် (အားကစားသတင်း)

0 12
0 12

မြေလတ်အသံ၊ နိုဝင်ဘာ ၅၊ ၂၀၂၅။

ချန်ပီယံလိဂ် ပွဲစဉ် ၄ ရဲ့ လီဗာပူးလ် နဲ့ ရီရဲလ်မက်ဒရစ် ထိပ်တိုက်တွေ့ဆုံမှုမှာ အိမ်ရှင်လီဗာပူးလ်က ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ နိုင်ပွဲရယူခဲ့ပြီး ရီရဲလ်မက်ဒရစ်ကို ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးရှုံးပွဲကြုံစေခဲ့ပါတယ်။

ရှုံးပွဲဆက်နေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမနက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို အိမ်ကွင်းနိုင်ပွဲရယူခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ထိပ်သီးအသင်း ရီရဲလ်မက်ဒရစ်ကိုလည်း အိမ်ကွင်းမှာပဲ နောက်ထပ်နိုင်ပွဲရယူခဲ့တာပါ။

ရီရဲလ်မက်ဒရစ်အသင်းဟာ ပွဲအစကတည်းက အိမ်ရှင်အသင်းကိုဖိအားပေးတိုက်စစ်ဆင်ကစားခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးရယူထားနိုင်ခဲ့ပေမယ့် ကျစ်လျစ်ကောင်းမွန်နေတဲ့ လီဗာပူးလ်ခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ သေချာတဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။

လီဗာပူးလ်ဘက်ကတော့ တန်ပြန်တိုက်စစ်နဲ့ ပြစ်ဒဏ်ဘောတွေကတဆင့် ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဒီပွဲမှာ မက်ဒရစ်ဂိုးသမား ကော်တွိုက်စ် က အပိုင်အခွင့်အရေးတွေကို လက်စွမ်းပြ ကာကွယ်ထားနိုင်ခဲ့တာကြောင့်ထမပိုင်းမှာ ဂိုးမရှိသရေရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းက ပိုမိုတိုက်စစ်ဆင်ခဲ့ပြီး ပြစ်ဒဏ်ဘောတွေလည်း မကြာခဏရရှိခဲ့ရာကနေ ပွဲကစားချိန် ၆၁ မိနစ်မှာရရှိခဲ့တဲ့ပြစ်ဒဏ်ဘောကို ဆိုဘော့စလိုင်းက ကန်တင်ပြီး မက်အလစ္စတာက ခေါင်းတိုက်သွင်းယူခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ ရီရဲလ်မက်ဒရစ်က ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်ခံစစ်ကိုတောင် ကျော်ဖြတ်နိုင်ခြင်းမရှိလို့ ဂိုးပေါက်ကန်သွင်းခွင့်မရခဲ့သလို တန်ပြန်တိုက်စစ်ကနေရရှိလာတဲ့အခွင့်အရေး တချို့ကိုလည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့ လီဗာပူးလ်းတိုက်စစ်မှူးတွေကြောင့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတော့ဘဲ ၁-၀ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းက ရီရဲလ်မက်ဒရစ်ကို စိတ်ကြိုက် ဘောလုံးပေးကိုင်ခဲ့ပြီးမှ ဘာမှလုပ်မရအောင် ကစားသွားခဲ့တာဖြစ်ပြီး မက်ဒရစ်ဘက်က ဂိုးကန်သွင်းမှု ၈ ကြိမ်မှာ ၂ ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကတော့ ၁၇ ကြိမ် ဂိုးကန်သွင်းခွင့်ရခဲ့ကာ ၉ ကြိမ် ဂိုးပေါက်တည့်ပြီး ၁ ဂိုးရရှိခဲ့တာပါ။

ဒါ့အပြင် ရီရဲလ်မက်ဒရစ်က မိနစ် ၈၀ မှာ လူစားလဲဝင်ရောက်လာခဲ့တဲ့ လီဗာပူးလ်ကစားသမားဟောင်း အလက်ဇန်းဒါး အာနိုးကို အသင်းဟောင်းပရိသတ်တွေက ဖိအားပေးလှောင်ပြောင်ခဲ့ပြီး အာနိုး ဘောလုံးလက်ခံရယူတိုင်းမှာလည်း လီဗာပူးလ်ပရိတ်သတ်က လှောင်ပြောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်သင်းဟာ ချန်ပီယံလိဂ် အဆင့် ၆ နေရာကို ယာယီတက်လှမ်းခဲ့ပြီး ချန်ပီယံလိဂ်ပထမဆုံးရှုံးပွဲကြုံခဲ့ရတဲ့ မက်ဒရစ်ကတော့ လီဗာပူးလ်နဲ့အမှတ်တူ အဆင့် ၅ နေရာအထိ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဟူးမနက် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ အာဆင်နယ်၊ အက်သလက်တီကို၊ မိုနာကို၊ ဘိုင်ယန်၊ စပါးအသင်းတွေကလည်း နိုင်ပွဲတွေရရှိခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။