ပျက်ကျလာတဲ့ စစ်တပ်သုံးတန်ဖိုးမြင့်ဒရုန်း ၁ စီးကို PDF တွေသိမ်းဆည်း

0 21
0 21

လက်ပံတန်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာအနီးဝန်ကျင်မှာ စစ်ကော်မရှင်တပ်တွေ အသုံးပြုတဲ့ ဒရုန်း ၁ စီးပျက်ကျပြီး ဒေသခံကာကွယ်ရေးတပ်တွေက သိမ်းဆည်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူဆီက သိရပါတယ်။

အဆိုပါဒရုန်းဟာ အောက်တိုဘာ ၁၉ ရက်မနက် ၁၀ နာရီခန့်မှာ ကျေးရွာအနီးပျက်ကျနေတာကို တွေ့ရှိသိမ်းဆည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ လုံခြုံတဲ့နေရာကိုရွှေ့ပြောင်းထားကာ ပြန်လည်ပြုပြင်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“ရွာပတ်ချာလည်ကို ဒရုန်းချပြီးပြန်တဲ့ ဒရုန်းပါ။ စက်ချို့ယွင်းပြီး ပျက်ကျတာ။ လူထိခိုက်တာတော့မရှိဘူး။ ဒရုန်းကတော့ အသုံးပြုလို့ရသေးတယ်။ ပြန်ပြင်ဆင်ပြီး တိုက်ခိုက်သွားမှာ”လို့ သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိတဦးက ပြောပါတယ်။

အဲ့ဒီဒရုန်းဟာ DJI AGRAS T40 အမျိုးအစားလို့ ယူဆရပြီး ပြန်လည်အထူးပြု တပ်ဆင်ထားတာတွေလည်းရှိတာကြောင့် ကာလတန်ဖိုး ခန့်မှန်းချေထိုင်းဘတ်ငွေ ၈ သိန်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ ပဲခူးတိုင်းအတွင်းမှ နောက်ထပ်တော်လှန်ရေးဒရုန်းတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်အဖွဲ့ကို PDF ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦးအရှင်ဖမ်းမိကာ လက်နက်တွေလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးများထားတာကြောင့် ဒရုန်း၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာမှုလည်း ရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။