တပ်မတော်နေ့ ကင်းလှည့်နေတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၂ ဦးထက်မနည်းထိခိုက်

0 1
0 1

မကွေး၊ မတ် ၂၈၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်း အမှတ် ၃ ဘက် တံတားအနီးမှာ တပ်မတော်နေ့က ကင်းလှည့်နေတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ဘီးလူးနဂါးစစ်ဆင်ရေးနဲ့ မိုင်းဆွဲခံရလို့ ၂ ဦးထက်မနည်း ထိခိုက်တယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ အင်အား ၁၂ ဦးခန့်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ People Defence Force Column 1က ဗိုလ် 7 က ပြောပါတယ်။

“ခါတိုင်းဆို သူတို့ဘက်က ယူနီဖောင်းတွေနဲ့ ကင်းလှည့်တာမရှိဘူး။ မနေ့ကတော့ ယူနီဖောင်းတွေနဲ့ လှည့်နေတာရှိတယ်။ မနေ့က သူတို့က စစ်တပ်အထိမ်းအမှတ်နေ့ဆိုတော့ လုံခြုံရေးကို သူတို့အလေးထားပြီး လုပ်နေတာဖြစ်မယ်။ သူတို့က မြို့ထဲကလာပြီးကင်းလှည့်ပြီး ပြန်အဝင်လောက်မှာ မိုင်းဆွဲလိုက်တာ။ အဓိကက စစ်ကောင်စီက ပြုလုပ်နေတဲ့ တပ်မတော်နေ့အထိမ်းအမှတ်ကို အသိအမှတ်မပြုဘူးဆိုတာ သိစေချင်လို့လုပ်တာ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဘီးလူးနဂါးစစ်ဆင်ရေးရဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ပြီး နောက်ပိုင်းမှာ စစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော်တဲ့အနေနဲ့ စစ်ကောင်စီတပ်စခန်းနဲ့ လက်အောက်ခံအဖွဲ့တွေကို ဆက်လ​က်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ပြန်လည်ပစ်ခတ်တာတွေကိုတောင် မလုပ်နိုင်ဘဲ ကားကို မောင်းပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ People Defence Force Column 1၊ Middle TZ Zone UG တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းကလည်း ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ ပခုက္ကူ-မြိုင်သွားလမ်းပေါ်က ဘုန်းကြီးကျောင်းအနီးမှာ တပ်စွဲထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေတောင်းနေတဲ့ စစ်ကောင်စီတပ်​​နေရာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။