တပ်မတော်နေ့မှာ စစ်တပ်ယူနီဖောင်းကိုမီးရှို့ပြီး ဆန္ဒပြ

စစ်ကိုင်း၊ မတ် ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းမှာ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကဦးဆောင်ပြီး မတ်လ ၂၇ ရက်ဒီကနေ့မှာ စစ်ကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။

“ဖက်ဆစ်စနစ်သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်” စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး တပ်မတော်ယူနီဖောင်းကို မီးရှို့ခဲ့ကြရာ မုံရွာလူငယ်များအစည်းအရုံးဝင်တွေကလည်း ပူးပေါင်းဝန်းရံခဲ့ကြပါတယ်။

“တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်း ယိုင်လဲလာပါပြီ။ အရေးနိမ့်လာပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် တောင့်ခံခုခံပေးကြဖို့ တောင်းဆိုလိုပါတယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ သူတို့ဒေသအတွင်း ဆန္ဒဖော်ထုတ်တာတွေအပြင် ပြည်တွင်း၊ပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး မီးဘေးသင့် ပြည်သူတွေကို မီးဖိုဆောင်သုံးပစ္စည်းတွေနဲ့ ဆန်နဲ့ဆီတွေကိုပါ လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။