ကနီတိုက်ပွဲမှာ ခမရ ၁၆ စစ်ကော်မရှင်တပ်သား ၄ ဦး အရှင်မိပြီး ၃ ဦးသေဆုံး

0 30
0 30

ကနီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာအနီးတိုက်ပွဲမှာ မုံရွာအခြေစိုက် ခမရ ၁၆ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄ ဦးအရှင်မိပြီး ၃ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ချောင်းမရွာအနီးမှာ ခမရ ၁၆ က ဗိုလ်မှူး သူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး ဘန့်ဘွေးရွာကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်းဆီက အလောင်း ၃ လောင်း၊ စစ်သုံ့ပန်း ၄ ဦး၊ MA-1 ၄ လက်၊ MA-3 ၁ လက်၊ MG-3 ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ ဂျမ်ပါ ၁ လုံးနဲ့ တခြားသော စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နဲ့ မဟာမိတ်တပ်တွေက ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။